ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၉ ဦး အထိရှိလာ
EPN
မြစ်ကြီးနား၊ ဇွန် ၄
ကချင်ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စ၍ ဇွန်လ ၄ရက် ယနေ့အထိသွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၉ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၃၅၂ ဦး၊ သေဆုံးသူ ၃၁ ဦးအထိ ရှိခဲ့ကြောင်း သိရပြီး ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ မရှိသေးသော်လည်း မြစ်ကြီးနားတွင် ၃ဦး၊ ဗန်းမော်တွင် ၇ဦး၊ ဖားကန့်တွင် ၁ဦး၊ ရွှေကူတွင် ၆ဦး၊ မံစီတွင် ၁ ဦး၊ တနိုင်းတွင် ၁ ဦးစုစုပေါင်း ၁၉ ဦး အထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်း ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဆယ်နှစ်အတွင်း အမြင့်ဆုံးဖြစ်ပွားခဲ့ပြီး ဆင်တုပ်ကွေးရောဂါသည်လည်း ပြည်နယ်အနှံ့အပြား ဖြစ်ပွားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလလည်းဖြစ်သည့် အတွက် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာကြရန် ထို့အပြင်သွေးလွန် တုပ်ကွေး ရောဂါနှင့် ဆင်တုပ်ကွေး ရောဂါများကိုပါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ခြင်ကျား လောက်လန်း ရှင်းလင်းခြင်းကို မိမိတို့ ပတ်ဝန်းကျင်များတွင် အနည်းဆုံး တစ်ပတ်တစ်ကြိမ် မပျက်မကွက် ဆောင်ရွက်ကြရန် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုက်တွန်းနိုးဆော်ထားသည်။
သတင်း- ကေသီ
ဓါတ်ပုံ - ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနပ်စစ်ကဏ္ဍ အကျင့်ဟောင်းတွေဖျောက်သင့်ပြီ"
ဆောင်းပါးရှင် - မင်းစိုးနိုင်
တင်ဆက်သူ - ယင်းချန်
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
အမေရိကန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၀၀၀၀၀ ခန့် သေဆုံးနိုင်ဟု သမ္မတ ဒေါ်နယ်ထရမ့် သတိပေး EPN နိုင်ငံတကာ၊ မေ ၄ အမေရိကန်နိုင်ငံ...
-
အင်းတော်ကြီးဒေသ အထင်ကရ နေရာများသို့ လည်ပတ်ခွင့် ယာယီ ပိတ်မည် EPN အင်းတော်ကြီး၊ ဇွန် ၁၀ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်က...
-
ရိုးရိုးလေးပဲ တွေးပြီး ပြောပါ EPN Article ဆောင်းပါး၊ သြဂုတ် ၁၅၊ ၂၀၂၀ (ဗိုလ်ကျရေးသည်) ကိုယ့်ပြည်တွင်းမှာ သစ်တောပြုန်းတီးမှုတွေ ဖြစ်နေတယ်...
-
မိုးကောင်းမြို့နယ်ကို ငှက်ဖျားကူးစက်မှုပပျောက်ရေးအတွက် စီမံချက် ချမှတ်ဆောင်ရွက်နေဟု ဆေးရုံအုပ်ကြီး ပြောကြား EPN မိုးကောင်း၊ မေ ...
No comments:
Post a Comment