Search

Friday, June 5, 2020

တရုတ်အရှေ့တောင်ပိုင်း ကုန်တိုက်၌ ဓားထိုးမှုဖြစ်ပွား၊ သုံးဦး သေ၊ ခုနှစ်ဦး ဒဏ်ရာရ

တရုတ်အရှေ့တောင်ပိုင်း ကုန်တိုက်၌ ဓားထိုးမှုဖြစ်ပွား၊ သုံးဦး သေ၊ ခုနှစ်ဦး ဒဏ်ရာရ



EPN
နိုင်ငံတကာ၊ ဇွန် ၅

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ကျေးလက်ဒေသရှိ ကုန်တိုက်တစ်ခု၌ ဓားထိုးမှုတစ်ခုအတွင်း လူသုံးဦး သေဆုံးကာ ခုနှစ်ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောကြားလိုက်သည်။

အသက် ၃၅ နှစ်အရွယ် သံသယဖြစ်ဖွယ်ရာ တိုက်ခိုက်သူကို ယမန်နေ့က တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း ဖုကျင့်ပြည်နယ်၌ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အသုံးပြုခဲ့သည့် လက်နက်အမျိုးအစားကို အသေးစိတ်မဖော်ပြဘဲ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။


ဒဏ်ရာရရှိသူများမှာ ဆေးရုံ၌ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိကြောင်း ၎င်းတို့က ဆိုသည်။ ယခုတိုက်ခိုက်မှု မှာ တရုတ်နိုင်ငံ၊ ကွမ်းရှီးဒေသရှိ ကျေးလက်စာသင်ကျောင်းတစ်ခု၌ ဓားဖြင့်တိုက်ခိုက်မှုတစ်ခု အတွင်း ကျောင်းသူ၊ ကျောင်းသားနှင့် ဝန်ထမ်း ၃၉ ဦး ဒဏ်ရာရရှိပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုပြုလုပ်သူ အသက် ၅၀ နှစ်အရွယ် ကျောင်းလုံခြုံရေး အစောင့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည် ဟု သိရသည်။

မကြာသေးမီနှစ်များအတွင်း စာသင်ကျောင်းများ၌ အလားတူ တိုက်ခိုက်မှုများ ဖြစ်ပွားလာမှုကြောင့် သေနတ်ကိုင်ဆောင်မှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့် တရုတ်နိုင်ငံ၌ ဓားဖြင့် အကြမ်းဖက် ရာဇဝတ်မှုကျူးလွန်မှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

--ကိုးကား--
သည်စထရိတ်တိုင်းမ်
Ref; Three dead, seven wounded in China supermarket stabbing

No comments:

Popular Posts