Search

Thursday, June 4, 2020

တရုတ်တောင်ပိုင်း စာသင်ကျောင်း၌ ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး ဒဏ်ရာရ

တရုတ်တောင်ပိုင်း စာသင်ကျောင်း၌ ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး ဒဏ်ရာရ



EPN
နိုင်ငံတကာ၊ ဇွန် ၄

ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ဇီးပြည်နယ်တွင် ကျောင်းစောင့်တစ်ဦး ၏ ဓားဖြင့်တိုက်ခိုက်မှုအတွင်း လူ ၃၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ရသည့် အကြောင်းရင်းကို မသိရသေးပေ။ ယခုတိုက်ခိုက်မှု ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံရှိ စာသင်ကျောင်းများ၌ ထိတ်လန့်ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို သတိရစေသည်။

တိုက်ခိုက်မှုအတွင်း ကျောင်းသူ၊ကျောင်းသား ၃၇ ဦးနှင့် အရွယ်ရောက်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအစိုးရအဖွဲ့က ပြောကြားသည်။


စာသင်ကျောင်း၌ ဓားဖြင့်တိုက်ခိုက်သူမှာ မိသားစုအမည် လီဟုဆိုသော စိတ်ကျန်းမာရေး မကောင်း မွန်သည့် ကျောင်းလုံခြုံရေးအစောင့်တစ်ဦး ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေစဉ် တိုက်ခိုက်မှုကျူးလွန်သူဟု သံသယရှိသူကို ထိန်းသိမ်းခဲ့ကြောင်း အဆိုပါ မီဒီယာများက ဖော်ပြခဲ့သည်။

လူ ၄၀ ဒဏ်ရာရရှိခဲ့ပြီး ကျောင်းအုပ်၊ နောက်ထပ် ကျောင်းလုံခြုံရေးနှင့် ကျောင်းသားတစ်ဦး အပါအဝင် သုံးဉီး ဒဏ်ရာအပြင်အထန်ရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ်ာ၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံအနောက်ပိုင်း ချုံကျင်းမြို့တော်၌ ဓားတစ်လက်ကိုင် ဆောင်ထားသည့် အမျိုးသမီးတစ်ဦးက မူကြိုကျောင်းတစ်ခု၌ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၄ ဦး ဒဏ်ရာရရှိခဲ့ သည်။

၂၀၁၀ ခုနှစ်ကလည်း စာသင်ကျောင်း တိုက်ခိုက်မှုများအတွင်း ကလေးငယ် ၂၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့ရာ အစိုးရ ထိပ်တန်းတာဝန်ရှိသူများက စာသင်ကျောင်းများကို ဂိတ်များ၊ လုံခြုံရေးအစောင့်များ ပိုမိုထားရှိရန် တိုက်တွန်းခဲ့ကြသည်။

တရုတ်နိုင်ငံဥပဒေအရ သေနတ်များ ရောင်းချမှုနှင့်ပိုင်ဆိုင်မှုကို တင်းကျပ်စွာ ကန့်သတ်ထားသော်လည်း တိုက်ခိုက်မှုများကို ယေဘူယျအားဖြင့် ဓားများ၊ လက်လုပ်ဗုံးများဖြင့် လုပ်ဆောင်ကြသည်။

--ကိုးကား--
တီအာတီ ဝေါ
Ref; At least 39 injured in knife attack at China kindergarten

No comments:

Popular Posts