Search
Wednesday, March 27, 2019
ထိုင္းဒီမုိကေရစီလုိလားတဲ့ပါတီ(၆)ခုက ညႊန္ေပါင္းအစိုးရ ဖြဲ႔စည္းဖုိ႔ စီစဥ္ေန
ထိုင္းဒီမုိကေရစီလုိလားတဲ့ပါတီ(၆)ခုက ညႊန္ေပါင္းအစိုးရ ဖြဲ႔စည္းဖုိ႔ စီစဥ္ေန
EPN
ႏိုင္ငံတကာ၊ မတ္ ၂၇
၀န္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္၏ ျဖဴထုိင္းပါတီ ဦးေဆာင္ကာ ဒီမုိကေရစီလုိလားတဲ့ပါတီ (၆)ပါတီ က ညႊန္ေပါင္းအစိုးရ ဖြဲ႔စည္းဖုိ႔ စီစဥ္ေန တယ္ လို႔ ထုိင္းသတင္းေတြကေဖာ္ျပပါတယ္။
အစိုးရဖြဲ႔စည္းႏုိင္ဖုိ႔ ေအာက္လႊတ္ေတာ္အမတ္ေနရာ ၅၀၀ ထဲမွာ ၂၅၁ေနရာ အႏုိင္ရဖုိ႔ လိုအပ္ေနရာ ျဖဴထုိင္းပါ တီဟာ မတ္လ ၂၄ရက္ေန႔က က်င္းပတဲ့ေရြးေကာက္ပြဲမွာ အမတ္ ေနရာ ၂၅၁ ေနရာမရခဲ့တာေၾကာင့္ ညႊန္ ေပါင္းအစိုးရဖြဲ႔ဖုိ႔ စီစဥ္ေနတာလည္းျဖစ္ပါတယ္။
ျဖဴထုိင္းပါတီအေနနဲ႔ ညြန္ေပါင္းအစိုးရဖြဲ႔ ဖြဲ႔ဖုိ႔ ပူးေပါင္းမယ့္ပါတီေတြထဲမွာ ထုိင္း၀န္ၾကီးခ်ဳပ္ေဟာင္း အဘီဆစ္ရဲ႕ ဒီမုိကရက္တစ္ပါတီ ပါပင္ဖြယ္မရွိေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ျဖဴထုိင္းပါတီဟာ လက္ရွိ မဟာမိတ္ပါတီ ေျခာက္ပါတီ ေပါင္းၿပီး အစိုးရဖြဲ႔ႏုိင္မယ့္အေျခေနမ်ိဳးရွိေနပါတယ္။
ထုိင္းႏုိင္ငံမွာ စစ္အာဏာသိမ္းမႈျဖစ္တာ ငါးႏွစ္ေက်ာ္ၾကာၿပီးမွ မတ္လ ၂၄ ရက္ေန႔က ပထမဆံုးအႀကိမ္ေရြး ေကာက္ပြဲ က်င္းပခဲ့ရာ ဒီမုိကေရစီလုိလားတဲ့ပါတီေတြနဲ႔ စစ္တပ္ေက်ာေထာက္ေနာက္ခံျပဳလုပ္ထား တဲ့ပါ တီတို႔ၾကား အဓိက ယွဥ္ၿပိဳင္ခဲ့ရတယ္လို႔သိရပါတယ္။
ေရြးေကာက္ပြဲရလဒ္အျပည့္အစံုကို ေမ ကိုးရက္မွသာ ထုတ္ျပန္မယ္လို႔ထုိင္းေရြးေကာက္ပြဲေကာ္မရွင္က ဆုိ ပါတယ္။ ထုိင္းေရြးေကာက္ပြဲေကာ္မရွင္ ဟာ ရလဒ္ေၾကျငာဖုိ႔ ေႏွာင့္ေနးမႈအေပၚ ႏုိင္ငံတကာအဖြဲ႔စည္းေတြက ျပစ္တင္ေ၀ဖန္မႈေတြလုပ္ေနပါတယ္။
---------------------------------------------------
ထိုင်းဒီမိုကရေစီလိုလားတဲ့ပါတီ(၆)ခုက ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ စီစဉ်နေ
EPN
နိုင်ငံတကာ၊ မတ် ၂၇
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဖြူထိုင်းပါတီ ဦးဆောင်ကာ ဒီမိုကရေစီလိုလားတဲ့ပါတီ (၆)ပါတီ က ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ စီစဉ်နေ တယ် လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။
အစိုးရဖွဲ့စည်းနိုင်ဖို့ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ထဲမှာ ၂၅၁နေရာ အနိုင်ရဖို့ လိုအပ်နေရာ ဖြူထိုင်းပါ တီဟာ မတ်လ ၂၄ရက်နေ့က ကျင်းပတဲ့ရွေးကောက်ပွဲမှာ အမတ် နေရာ ၂၅၁ နေရာမရခဲ့တာကြောင့် ညွှန် ပေါင်းအစိုးရဖွဲ့ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။
ဖြူထိုင်းပါတီအနေနဲ့ ညွန်ပေါင်းအစိုးရဖွဲ့ ဖွဲ့ဖို့ ပူးပေါင်းမယ့်ပါတီတွေထဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ရဲ့ ဒီမိုကရက်တစ်ပါတီ ပါပင်ဖွယ်မရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ဖြူထိုင်းပါတီဟာ လက်ရှိ မဟာမိတ်ပါတီ ခြောက်ပါတီ ပေါင်းပြီး အစိုးရဖွဲ့နိုင်မယ့်အခြေနေမျိုးရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်တာ ငါးနှစ်ကျော်ကြာပြီးမှ မတ်လ ၂၄ ရက်နေ့က ပထမဆုံးအကြိမ်ရွေး ကောက်ပွဲ ကျင်းပခဲ့ရာ ဒီမိုကရေစီလိုလားတဲ့ပါတီတွေနဲ့ စစ်တပ်ကျောထောက်နောက်ခံပြုလုပ်ထား တဲ့ပါ တီတို့ကြား အဓိက ယှဉ်ပြိုင်ခဲ့ရတယ်လို့သိရပါတယ်။
ရွေးကောက်ပွဲရလဒ်အပြည့်အစုံကို မေ ကိုးရက်မှသာ ထုတ်ပြန်မယ်လို့ထိုင်းရွေးကောက်ပွဲကော်မရှင်က ဆို ပါတယ်။ ထိုင်းရွေးကောက်ပွဲကော်မရှင် ဟာ ရလဒ်ကြေငြာဖို့ နှောင့်နေးမှုအပေါ် နိုင်ငံတကာအဖွဲ့စည်းတွေက ပြစ်တင်ဝေဖန်မှုတွေလုပ်နေပါတယ်။
Subscribe to:
Post Comments (Atom)
Popular Posts
-
COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း လုံထန်နှင့် ချင်းရွှေဟော်မြို့တို့တွင် ၂၁ ရက် အသွားအလာကန့်သတ်ထားရှိခဲ့သူအချ...
-
သာသနာေတာ္ အဓြန္႔ရွည္ေစရန္အတြက္ ရဟန္းခံရွင္ျပဳပြဲျပဳလုပ္ေပးျခင္းျဖစ္သည္ဟု ေရႊသစ္ပင္ဆရာေတာ္မွ မိန္႔ၾကား EPN မိုးညႇင္း မတ္လ ၂၇ ယေန႕ မတ္လ(...
-
ဘူဒါပတ္ေလွနစ္ျမဳပ္မႈမွ အေလာင္းတစ္ေလာင္းထပ္မံဆယ္ယူရရွိ EPN ႏိုင္ငံတကာ၊ ဇြန္ ၆ ဟန္ေဂရီႏိုင္ငံ ျမိဳ႕ေတာ္ ဘူဒါပတ္က ဒန္ႏ်ဴ ျမစ္ထဲ ျပ...
-
ဧရာဝတီျမစ္ ပထမျမစ္က်ဥ္းက အထင္ကရ နမ္တီးလိႈင္ဂူ (နတ္ႀကီးဂူ) EPN၊ ဗန္းေမာ္၊ ေမလ ၁၆ နမ္တီးလိႈင္ဂူ (နတ္ႀကီးဂူ) သည္ ကခ်င္...
-
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အမေရိကန်လယ်သမားများသို့ ဒေါ်လာ ၁၉ ဘီလီယံ ပံ့ပိုးမည့်အစီအစဉ် သမ္မတ ဒေါ်နယ်ထရမ့် ကြေညာ EPN နိုင်ငံတကာ၊ ဧပြ...
No comments:
Post a Comment