Search

Saturday, October 3, 2020

ကျန်းမာရေးဝန်ထမ်း လေးဥိီးအထိကိုဗစ် ကူးစက်ထားတာကြောင့် မိုးညှင်းဆေးရုံကြီး အဝင်အထွက်ယာယီ ကန့်သတ်ထား

ကျန်းမာရေးဝန်ထမ်း လေးဥိီးအထိကိုဗစ် ကူးစက်ထားတာကြောင့် မိုးညှင်းဆေးရုံကြီး အဝင်အထွက်ယာယီ ကန့်သတ်ထား

EPN
မိုးညှင်း၊ အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းပြည်သူ့ ဆေးရုံကြီးတွင်  ကျန်းမာရေး ဝန်ထမ်း (၄)ဦး အထိကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတာကြောင့် ဆေးရုံအဝင်အထွက်ကို ယာယီ ကန့်သတ်ထားကြောင်းမိုးညှင်း ခရိုင်ကိုဗစ်ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ဆေးရုံကြီးကို ပိတ်ထားတာတော့ မဟုတ်ပါဘူး။ ရောဂါတအားဆိုးရွားတယ်ဆိုရင်တော့ ကျွန်မတို့ဆီကို ဖုန်းဆက်အကြောင်းကြားလို့ ရပါတယ်။ တိုင်ပင်လို့လည်း ရပါတယ်။ ”ဟု မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး Dr ဒေါ်လာမာမီး က ပြောသည်။

မိုးညှင်းဆေးရုံကြီးအတွင်းအဝင်အထွက် ကန့်သတ်ရခြင်းမှာ အခြားလူနာများနှင့် အခြားသူများအား ကူးစက်မူ မဖြစ်စေရန် ကန့်သတ်ရခြင်း ဖြစ်ပြီး မလိုအပ်ဘဲ ဆေးရုံသို့ မလာရန်နှင့် လူနာစောင့်နှင့် ဧည့်သည် အများအပြား လာရောက်တွေ့ဆုံခြင်း မပြုလုပ်ရန်  အသိပေးညွန်ကြားမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၄ ဦးမှာ ကလေးအထူးကုဆရာဝန် နှစ်ဦးနှင့်သူနာပြုဆရာမ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ပြည်သူများ အနေဖြင့် ကိုဗစ်ရောသံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနက တာဝန်ရှိသူများထံ ပြသဖို့ ညွှန်ကြားထားပြီးဖြစ်ပြီး ​ဤသို့ သွားရောက်ပြသပါက ယင်းလူနာ၏ ခရီးသွား ရာဇဝင်ရယူပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်​ပြင်ဆင်ထားကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက ဆိုသည်။

''အခု မိုးညှင်း ဆေးရုံကြီးမှာ အတည်ပြုလူနာကိုပဲ ထားရှိကုသပေးမှာပါ ကိုဗစ်ရောဂါ လက္ခဏာရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ပြင်းထန်ဆိုးရွားတဲ့ အရေးပေါ်လူနာတွေ ကိုလည်း လက်ခံကုသပေးပါတယ်''ဟု ၎င်းက ပြောသည်။

ထို့အ​ပြင် ကျန်းမာရေး ဝန်ထမ်းများကိုလည်း အဆိုင်းများ ခွဲထားပြီး ကျန်းမာရေး စောင့်ရှောက်မှုများပေးနေကြောင်း သိရသည်။

လက်ရှိတွင် မိုးညှင်းတစ်မြို့နယ်လုံး၌ အောက်တိုဘာ (၂)ရက်နေ့အထိ Covid-19 ရောဂါကူးစက်ခံရသူ(၇)ဦး အထိရှိပြီး ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်

No comments:

Popular Posts