EPN Brief News
ကောင်းကောင်း
EPN Brief News
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀
ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးအားတီယောဟန်နှင့် ဇနီးတို့ ကလှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေါင်လန်ဖူး လီဆူတိုင်းရင်း သားများ အတွက် ဝန်ကြီးနှင့် ဇနီး တို့က ကျပ် ၁၅ သိန်းတန်ဖိုးရှိ လီဆူရိုးရာ အမျိုးသား ဝတ်၁၀စုံနှင့် အမျိုးသမီး ဝတ်၁၀စုံအား ယင်းမြို့ နယ်လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ ထံသို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာ လူကြီးများ ရောက်လာရင် ကြိုဆို ဧည့်ခံသည့်အခါ လိုအပ်နေသည့်အတွက် ယင်းသို့ လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
ကောင်းကောင်း

No comments:
Post a Comment