Search

Sunday, May 3, 2020

စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား



EPN
နိုင်ငံတကာ၊ မေ ၃

ယမန်နေ့က မြောက်ကိုရီးယားနိုင်ငံမှပစ်ခတ်သည့် သေနတ်ကျည်များက နှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်အတွင်းရှိ တောင်ကိုရီးယား ကင်းတဲတစ်ခုကို ထိမှန်ခဲ့ရာ တောင်ကိုရီးယား တပ်ဖွဲ့ဝင်များက ပြန်လည်ပစ် ခတ်ခဲ့ကြောင်း တောင်ကိုရီးယား တပ်မတော်က ပြောကြားသည်။


တောင်ကိုရီးယားဘက်ခြမ်းတွင် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း တောင်ကိုရီးယားတပ်မတော်က ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။ တင်းမာမှုဖြစ်ပွားရာ ၁၅၅ မိုင်ရှည်လျားသော စစ်မဲ့ဇုန်မှာ ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး စစ်မဲ့ဇုန်ဖြစ်သည်။

အခြေအနေ မဆိုးရွားလာစေရန် စစ်ဘက်သုံး အရေးပေါ်ဖုန်းလိုင်းတစ်ခုမှတစ်ဆင့် မြောက်ကိုရီးယား နိုင်ငံသို့ ဆက်သွယ်နေကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံက အဘယ် ကြောင့် ပစ်ခတ်ခဲ့ရသည်ဆိုသည်မှာ မရှင်းလင်းပေ။

ခေါင်းဆောင် ကင်ဂျုံအန်သည် သုံးပတ်အတွင်း ပထမဆုံးအကြိမ် ပြည်သူ့ရှေ့မှောက် ပြန်ထွက်ပေါ်ခဲ့ ကြောင်း မြောက်ကိုရီးယားနိုင်ငံက ကြေညာခဲ့ပြီး တစ်ရက်အကြာတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

နှစ်နိုင်ငံကြား နယ်စပ်မှာ မိုင်းများ၊ ကင်းတဲများ၊ တံတိုင်းများနှင့် ပြည့်နှက်နေပြီး နှစ်ဘက်စလုံးတွင် တပ် ဖွဲ့ဝင် နှစ်သန်းနီးပါက တိုက်ပွဲဝင်ရန် အသင့်ရှိနေသည်။ ပြီးခဲ့သောနှစ်များအတွင်း နှစ်နိုင်ငံ တပ်မတော်များက အပြန်အလှန် ပစ်ပတ်မှုများ ရံဖန်ရံခါ ဖြစ်ပွားခဲ့သည်။

၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်မဟုတ်သည့် ယာယီအပစ်အခတ်ရပါစဲရေးနှင့် ရပ်တန့်ပြီးနောက် ကိုရီးယားနှစ်နိုင်ငံမှာ နည်းစနစ်ပိုင်းအရ စစ်ပွဲအခြေအနေ ဆက်လက်ဖြစ်ပွားနေသည်။
မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားပိုင် နယ်စပ်ကျွန်းတစ်ခုသို့ အမြောက်ပစ်ခတ်ခဲ့ရာ တောင်ကို ရီးယား ကမ်းတက်တပ်ဖွဲ့ဝင်နှစ်ဉီးနှင့် အရပ်သားနှစ်ဉီး သေဆုံးခဲ့သည်။

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီး ယားနိုင်ငံဘက်သို့ တန်ပြန်အမြောက်ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်။
ထိုနှစ်အစောပိုင်းတွင် မြောက်ကိုရီးယား ရေငုပ်သင်္ဘောတစ်စင်းက ထိုကျွန်းအနီး ရေပိုင်နက်အတွင်း တော်ပီဒိုဖြင့်တိုက်ခိုက်ခဲ့ရာ တောင်ကိုရီးယားသင်္ဘော နစ်မြှုပ်ခဲ့ပြီး အမှုထမ်း ၄၆ ဉီး သေဆုံးခဲ့သည်။

--ကိုးကား--
သည်နယူးယောက်တိုင်းမ်
Ref; North and South Korea Exchange Gunfire Across Demilitarized Zone

No comments:

Popular Posts