EPN
မိုးညှင်း၊ မေ ၃
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ စက္ခုပါလမျက်စိဆေးရုံနှင့်
သင်္ဃမိတ္တာသီလရှင်စာသင်တိုက်တို့တွင် Covid-19 ရောဂါအတွက် Quarantine
ဝင်ရောက်နေသူများအား စိတ်အပမ်းပြေစေရန်အတွက် မေလ (၂)ရက်နေ့ည
(၇)နာရီအချိန်တွင် မိုးညှင်းမြို့ ကိုချစ်ဝင်းနှင့်အဖွဲ့မှ
စတီဒီယိုတေးသီချင်းများနှင့် သီဆိုဖျော်ဖြေ ပေးခဲ့ကြသည်။
"ကျွန်တော်တို့ မိုးညှင်းမြို့မှာ Covid-19 Quarantine Centre ကို စက္ခုပါလမျက်စိဆေးရုံမှာ ဧပြီလ (၄)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မိုးညှင်းမြို့သူမြို့သားတွေ ဒေသစုံကပြန်လာကြပါတယ်။ သူတို့နေထိုင်ခဲ့တဲ့နေရာဒေသတွေမှာ Covid-19 ရောဂါကူးစက်လာမှာစိုးတဲ့အတွက် Quarantine စင်တာဝင်စေခဲ့တာပါ။ အစောပိုင်းကာလတွေက ဋ္ဌာနဆိုင်ရာတွေနဲ့ ဒေသအရန်မီးသတ်တပ်ဖွဲ့တွေက တာဝန်ယူထားခဲ့ပြီး ဧပြီလ (၂၄)ရက်နေ့မှာ ရန်ကုန်ကပြန်လာပြီး Quarantine ဝင်တဲ့သူတစ်ယောက်က Positive ဖြစ်တော့ သူတို့အားလုံးလဲ သင်္ဃမိတ္တာသီလရှင်စာသင်တိုက်မှာ Quarantine ဝင်ကြတော့ကျွန်တော်တို့မိုးညှင်းမြို့မှာရှိတဲ့ ပရဟိတအဖွဲ့တွေကဆက်လက်တာဝန်ယူခဲ့ကြပါတယ်။ အခုလိုဖျော်ဖြေရေးအစီအစဉ်လုပ်ပေးတာကတော့ ဒီမှာ Quarantine ဝင်နေတဲ့သူတွေ စိတ်အပမ်းပြေအောင် ဆောင်ရွက်ပေးတာပါ"ဟု မိုးညှင်းမြို့ Covid-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးကော်မတီဝင် ဦးမြင့်ဇော်က ပြောသည်။
အဆိုပါ စတီဒီယိုဖျော်ဖြေမှုအစီအစဉ်အား မိုးညှင်းမြို့နေ ကိုချစ်ဝင်းနှင့်အဖွဲ့မှ ည (၇)နာရီအချိန်မှစ၍ ည (၉)နာရီအထိ တီးမှုတ်သီဆိုခဲ့ကြကြောင်း သိရသည်။
မင်္ဂလာဦး

No comments:
Post a Comment