EPN
မိုးကောင်း၊ မေ ၄
မေလ(၅)ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို
COVID-19 ရောဂါကြောင့်
အခမ်းအနားများပွဲတော်များပြုလုပ်ကျင်းပခွင့်မရှိဟူသော ကျန်းမာရေးနဲ့
အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ မကျင်းပဖြစ်တော့ဘဲ
မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်
လူထုအကျိုးပြုလုပ်ငန်းနှင့်ကုသိုလ်ရေးများသာ ဆောင်ရွက်မည်ဖြစ်ကြောင်း
မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မေ (၄)ရက် ညနေ(၃)နာရီအချိန်က မေလ (၅)ရက် နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ချမ်းငြိမ်းသူဦးစီး သန္ဓေ(၁၄)ဦးနှင့် အရန်(၁၅)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု (၆)ဦးတို့သည် နန့်ရင်းရပ်ကွက်ရှိ ဆုတောင်းပြည့်စေတီ၊ ဇိနမာန်အောင်စေတီ၊ ကပ်ကျော်အေးစေတီတို့ကို ရေသပ္ပါယ်ခြင်း၊ ဘုရားစေတီပရဝုဏ်အတွင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ဖြင့် ကုသိုလ်ရေးဆောင်ရွက်ကြသည်။
"လူစုလူဝေးမလုပ်ရဆိုတော့ သေန္ဓတပ်ဖွဲ့ဝင်တွေ၊ အရန်တပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်လူထုတွေစုပေါင်းပြီး ဘုရားစေတီ ရေသပ္ပါယ်တာတွေ၊ ဘုရားစေတီ ပရဝုဏ်သန့်ရှင်းရေးဆောင်ရွက်ပြီး ကုသိုလ်ရေးဆောင်ရွက်ကြပါတယ်"ဟု မြို့နယ်မီးသတ် ဒု-ဦးစီးမှူးလဂျွန်းမှဆိုသည်။
မိုးကောင်းမြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့အနေဖြင့် COVID-19 တိုက်ဖျက်ရေးတွင်သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လုံခြုံရေးနှင့် ကာကွယ်ရေးကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ချိုမောင်

No comments:
Post a Comment