Search

Friday, March 8, 2019

ဂ်ပန္ Toyota Tsusho ကား ကုမၸဏီ က ရန္ကုန္ၿမိဳ႕မွာ ပထမဆံုးကား ေလလံတင္ပြဲလုပ္မယ္


ဂ်ပန္ Toyota Tsusho ကား ကုမၸဏီ က ရန္ကုန္ၿမိဳ႕မွာ ပထမဆံုးကား ေလလံတင္ပြဲလုပ္မယ္
EPN
နိုင္​ငံတကာ မတ္​ ၈
ဂ်ပန္ ႏုိင္ငံအေျခစိုက္ စီးပြားေရးလုပ္ငန္းစုျဖစ္တဲ့ Toyota Tsusho ကား ကုမၸဏီ ဟာ ျမန္မာႏုိင္ငံရွိ Rebbiz Co., နဲ႔ ပူးေပါင္းကာ ရန္ကုန္ၿမိဳ႕မွာ ပထမဆံုးအၾကိမ္ကား ေလလံတင္ပြဲက်င္းပသြားမယ္လို႔
ဂ်ပန္တုိင္းမ္ သတင္းစာကေဖာ္ျပပါတယ္။
ျမန္မာႏုိင္ငံအတြင္း ရွိကားေစ်းကြက္ကို ပိုမုိေကာင္းမြန္ေစဖို႔ ရည္ရြယ္ကာ အခုလိုမ်ိဳးကားေလလံတင္ပြဲက်င္းပတာျဖစ္ပါတယ္။
Toyota Tsusho ကုမၸဏီဟာ ျမန္မာႏုိင္ငံမွာ Toyota Motor ကား ေရာင္း၀ယ္ေရးလုပ္ငန္းလုပ္ကိုင္ေနၿပီး ရန္ကုန္ၿမိဳ႕မွာ မတ္လ ၁၆ ရက္ေန႔၊ ၁၇ ရက္ေန႔တုိ႔မွာ ပထမဆံုးအၾကိမ္ကားေလလံတင္ပြဲက်င္းပမွာျဖစ္ေၾကာင္း၊ အဆုိပါ ကားေလလံပြဲမွာ ကားအစီးေရ ၂၀၀ ေက်ာ္ ေရာင္းခ်ဖို႔ စီစဥ္ထားေၾကာင္းသိရပါတယ္။
ကားေလလံပြဲအတြင္း အသံုးျပဳၿပီးသား ကားေတြကို ျပန္ေရာင္းခ်တာေတြ ပါ၀င္မွာျဖစ္ၿပီး Toyota, Ford, Mitsubishi, Mazda, Chevrolet နဲ႔ Land Rover အမ်ိဳးအစားကားေတြကို ေရာင္းခ်သြားမွာျဖစ္တယ္လို႔ ဂ်ပန္တုိင္းမ္သတင္းစာကေဖာ္ျပထားပါတယ္။
ျမန္မာႏုိင္ငံဆီကို ျပည္ပကေန ကားတင္ပို႔မႈ ဟာ ၂၀၁၁ ခုနွစ္ေနာက္ပိုင္းတည္းက ျမင့္တက္ေနပါတယ္။ Toyota Tsusho ကား ကုမၸဏီဟာ တရုတ္၊ အိႏၵိယ နဲ႔ အင္ဒိုနီးရွား
ႏုိင္ငံတုိ႔မွာ ကားေလလံတင္ပြဲေတြ လုပ္ခဲ့ဖူးပါတယ္။
---------------------------------------------------------------
ဂျပန် Toyota Tsusho ကား ကုမ္ပဏီ က ရန်ကုန်မြို့မှာ ပထမဆုံးကား လေလံတင်ပွဲလုပ်မယ်
EPN
နိုင်ငံတကာ မတ် ၈
ဂျပန် နိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Toyota Tsusho ကား ကုမ္ပဏီ ဟာ မြန်မာနိုင်ငံရှိ Rebbiz Co., နဲ့ ပူးပေါင်းကာ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်ကား လေလံတင်ပွဲကျင်းပသွားမယ်လို့ ဂျပန်တိုင်းမ် သတင်းစာကဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်း ရှိကားဈေးကွက်ကို ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ကာ အခုလိုမျိုးကားလေလံတင်ပွဲကျင်းပတာဖြစ်ပါတယ်။
Toyota Tsusho ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ Toyota Motor ကား ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေပြီး ရန်ကုန်မြို့မှာ မတ်လ ၁၆ ရက်နေ့၊ ၁၇ ရက်နေ့တို့မှာ ပထမဆုံးအကြိမ်ကားလေလံတင်ပွဲကျင်းပမှာဖြစ်ကြောင်း၊ အဆိုပါ ကားလေလံပွဲမှာ ကားအစီးရေ ၂၀၀ ကျော် ရောင်းချဖို့ စီစဉ်ထားကြောင်းသိရပါတယ်။
ကားလေလံပွဲအတွင်း အသုံးပြုပြီးသား ကားတွေကို ပြန်ရောင်းချတာတွေ ပါဝင်မှာဖြစ်ပြီး Toyota, Ford, Mitsubishi, Mazda, Chevrolet နဲ့ Land Rover အမျိုးအစားကားတွေကို ရောင်းချသွားမှာဖြစ်တယ်လို့ ဂျပန်တိုင်းမ်သတင်းစာကဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆီကို ပြည်ပကနေ ကားတင်ပို့မှု ဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းတည်းက မြင့်တက်နေပါတယ်။ Toyota Tsusho ကား ကုမ္ပဏီဟာ တရုတ်၊ အိန္ဒိယ နဲ့ အင်ဒိုနီးရှား
နိုင်ငံတို့မှာ ကားလေလံတင်ပွဲတွေ လုပ်ခဲ့ဖူးပါတယ်။

No comments:

Popular Posts