Unicode
မက်ဇူကာဘတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံ၊ Facebook ဖျက်သိမ်းရန် ငြင်းဆိုခဲ့ EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀
Facebook အမှုဆောင်အရာရှိချုပ် မက်ဇူကာဘတ်ဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်ဥပဒေပြုလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အခုလို တွေ့ဆုံရာမှာ ကမ္ဘာ့အကြီးဆုံးလူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ကို ရပ်ဆိုင်းဖို့ တောင်းဆိုမှုကို မက်ဇူကာဘတ်က ငြင်းပယ်ခဲ့တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။
ပြိုင်ဆိုင်မှုများ၊ ဒစ်ဂျယ်တယ် ကိုယ်ရေးကိုယ်တာ၊ ဆင်ဆာစနစ်နဲ့ နိုင်ငံရေးအရ ကြေငြာတွေရဲ့ ပွင့်လင်းမြင်သာ စတဲ့ အချက်တွေကြောင့် အစိုးရရဲ့ ဥပဒေရေးရာ မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ မက်ဇူကာဘတ်က အိမ်ဖြူတော်ကို အခုလိုအလည်အပတ်ရောက်ရှိခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတနဲ့ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အနာဂတ် အင်တာနက်ဥပဒေတွေအတွက် အဓိက ဆွေးနွေးခဲ့တယ်လို့ Facebook ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ စက်တင်ဘာ ၁၉ ရက်ညပိုင်းအချိန်မှာ ၎င်းနဲ့ မက်ဇူကာဘတ်တို့ လက်ဆွဲနှုတ်ဆက်နေပုံကို ၎င်းရဲ့တွစ်တာမှာ တင်ခဲ့ပြီး တွေ့ဆုံဆွေး နွေးအကြောင်းကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
အမေရိကန်လွှတ်တော်အမတ်တစ်ဦးကတော့ ၎င်းအနေနဲ့ Facebook ကို ဖျက်သိမ်းဖို့ ရည်ရွယ်ခြင်းမရှိဘဲ ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတွေအပေါ် ဦးဆောင်မှုကို တရုတ်ကုမ္ပဏီတွေရရှိသွားမှာကိုပဲ စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref; CNA Zuckerberg meets Trump, senators; rejects call to break up Facebook
---------------------------------------------------------------------------
Zawgyi
မက္ဇူကာဘတ္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ေတြ႕ဆံု၊ Facebook ဖ်က္သိမ္းရန္ ျငင္းဆိုခဲ့
EPN
ႏိုင္ငံတကာ၊ စက္တင္ဘာ ၂၀
Facebook အမႈေဆာင္အရာရွိခ်ဳပ္ မက္ဇူကာဘတ္ဟာ စက္တင္ဘာ ၁၉ ရက္ေန႕မွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႕ အေမရိကန္ဥပေဒျပဳလႊတ္ေတာ္အမတ္ေတြနဲ႕ ေတြ႕ဆံုခဲ့ပါတယ္။
အခုလို ေတြ႕ဆံုရာမွာ ကမၻာ႕အၾကီးဆံုးလူမႈကြန္ယက္တစ္ခုျဖစ္တဲ့ Facebook ကို ရပ္ဆိုင္းဖို႕ ေတာင္းဆိုမႈကို မက္ဇူကာဘတ္က ျငင္းပယ္ခဲ့တယ္လို႕လည္း သတင္းထြက္ေပၚခဲ့ပါတယ္။
ျပိဳင္ဆိုင္မႈမ်ား၊ ဒစ္ဂ်ယ္တယ္ ကိုယ္ေရးကိုယ္တာ၊ ဆင္ဆာစနစ္နဲ႕ ႏုိင္ငံေရးအရ ေၾကျငာေတြရဲ႕ ပြင့္လင္းျမင္သာ စတဲ့ အခ်က္ေတြေၾကာင့္ အစိုးရရဲ႕ ဥပေဒေရးရာ ေမးခြန္းထုတ္မႈေတြနဲ႕ ရင္ဆိုင္ေနရခ်ိန္မွာ မက္ဇူကာဘတ္က အိမ္ျဖဴေတာ္ကို အခုလိုုအလည္အပတ္ေရာက္ရွိခဲ့တာျဖစ္ပါတယ္။
အေမရိကန္သမၼတနဲ႕ အစိုးရအရာရွိေတြနဲ႕ ေတြ႕ဆံုေဆြးေႏြးမႈဟာ အနာဂတ္ အင္တာနက္ဥပေဒေတြအတြက္ အဓိက ေဆြးေႏြးခဲ့တယ္လို႕ Facebook ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာပါတယ္။
ေဒၚနယ္ထရမ့္ဟာ စက္တင္ဘာ ၁၉ ရက္ညပိုင္းအခ်ိန္မွာ ၄င္းနဲ႕ မက္ဇူကာဘတ္တုိ႕ လက္ဆြဲႏႈတ္ဆက္ေနပံုကို ၄င္းရဲ႕တြစ္တာမွာ တင္ခဲ့ျပီး ေတြ႕ဆံုေဆြး ေႏြးအေၾကာင္းကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိပါဘူး။
အေမရိကန္လႊတ္ေတာ္အမတ္တစ္ဦးကေတာ့ ၄င္းအေနနဲ႕ Facebook ကုို ဖ်က္သိမ္းဖို႕ ရည္ရြယ္ျခင္းမရွိဘဲ ကမၻာလံုးဆိုင္ရာကုမၸဏီေတြအေပၚ ဦးေဆာင္မႈကို တရုတ္ကုမၸဏီေတြရရွိသြားမွာကိုပဲ စိုးရိမ္မိတယ္လို႕ ေျပာၾကားခဲ့ပါတယ္။
Ref; CNA Zuckerberg meets Trump, senators; rejects call to break up Facebook
No comments:
Post a Comment