EPN
မိုးမောက်၊ ဧပြီ ၁
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်အတွင်း Covid-19
ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့
နံနက် (၇)နာရီတွင် မြို့မဈေးအရှေ့ ၌ COVID-19 အသိပညာ ပေးဆိုင်းဘုတ်ကို
စိုက်ထူခဲ့ကြပြီး PPE ဝတ်စုံနှင့် အပူတိုင်းကိရိယာများ
လှူဒါန်းလက်ခံရရှိခဲ့ကြောင်း သိရှိ ရသည်။
COVID-19 အသိပညာပေးဆိုင်းဘုတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်မင်းကိုနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ စိုက်ထူခဲ့ကြခြင်းဖြစ်ပြီး လွယ်ဂျယ်(မ.က.ဖ)ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်က မိုးမောက်မြို့နယ်အတွက် PPE ဝတ်စုံ (၅)စုံ နှင့် အပူတိုင်းကိရိယာ (၂)ခု လှူဒါန်းလက်ခံရရှိမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်ဆရာဝန် ဒေါက်တာတင်မေသင်းထံ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မိုးမောက်-လွယ်ဂျယ်သွားလမ်း ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ COVID-19 အသိပညာပေးဆိုင်းဘုတ်ကို ထပ်မံစိုက်ထူပေးခဲ့ ကြပြီး လက်ဆေးကန်များ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

No comments:
Post a Comment