EPN
ပူတာအို၊ မေ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ဖွင့်လှစ်ထားသော Community Base
Facility Quarantine Center များတွင် Quarantine ဝင်နေကြသော
နေရပ်ပြန်ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် အတွက် အလှူရှင်များ၏
ပံ့ပိုးကူညီမှုဖြင့် ပူတာအိုခရိုင် လူငယ်ရေးရာ ကော်မတီ
စေတနာ့ဝန်ထမ်အဖွဲ့ဝင်များက အသွားအလာ ကန့်သတ်စောင့် ကြည့်ရေးစင်တာများသို့
ကွင်းဆင်းသွားရောက်ကာ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို
မေ(၁၆)ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီ
ဒု-ဉက္ကဌ ဒေါ်ချာယော်ရဲ့ထံမှ သိရသည်။
ပူတာအိုဒေသခံလုပ်ငန်းရှင်များအသင်းနှင့် အလှူရှင်များကလှူဒါန်းသော ထမင်းတစ်နှပ်နှင့်အတူ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်ထုပ်များ၊ တစ်ကိုယ်ရေသုံး အသုံးအဆောင်များနှင့် မေတ္တာဖောင်ဒေးရှင်းက Mask အခု(၃၀၀)၊ ဆပ်ပြာ (၅၇၆)လုံး၊ လက်အိတ် (၅)ဗူး တို့ကိုလှူဒါန်းပေးခဲ့ ခြင်းဖြစ်ပြီး အဆိုပါစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ပူတာအိုခရိုင် လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် Quarantine ဝင်နေသည့် နေရပ်ပြန်ပြည် သူများထံ အရောက်ကွင်းဆင်းကာ ဖြန့်ဝေလှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
ပူတာအိုမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် Community Base Facility Quarantine Center (၁၄)နေရာတွင် Quarantine ဝင်နေသည့် နေရပ်ပြန်ပြည်သူ (၁၅၇)ဦးတို့အား Quarantine ဝင်ရောက်သည့် ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် သွားရောက်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)

No comments:
Post a Comment