ဆောက်လုပ်ရေးကုမ္ပဏီကား မီးရှို့သူများကို ဖမ်းဆီးရမိရေးအတွက် ဆုငွေထုတ်
EPN
မြစ်ကြီးနား၊ ဇွန် ၈
ပြီးခဲ့သည့် ရက်ပိုင်းက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမပေါ်တွင် Power Five Star လမ်းဆောက်လုပ်ရေး ကုမ္ပဏီကား နှစ်စီး မီးရှို့ခံခဲ့ရပြီး မီးရှို့သွားသူများကို ဖမ်းဆီးရမိရေး အတွက် ယင်းကုမ္ပဏီက မီးရှို့သွားသူများကို ဖမ်းဆီးရမိရေးသတင်းပေးနိုင်သူအား ဆုငွေ ချီးမြှင့်မည်ဟု ယနေ့ ဇွန် ၈ ရက်က facebook လူမှုကွန်ရက်ပေါ်တွင် ကြေညာ လိုက်ကြောင်း သိရသည်။
ယခုကဲ့သို့ သတင်းပေးသူအား ဆုငွေချီးမြင့်သွားမည့်ကိစ္စမှာ အမှုမှန် အမြန်ဆုံးပေါ်ပေါက်စေရန်အတွက် ဖြစ်ကြောင်း Power Five Star လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျာ ကိုအောင်ထွန်းလင်းက ပြောသည်။
“ ဆုချမယ်ဆိုတာ အမှန်ပါပဲ၊ ကျွန်တော်တို့လိုမျိုး အလားတူဖြစ်ရပ်မျိုး ဒီမြို့ပေါ်မှာ မဖြစ်ရလေအောင်နဲ့ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေဖို့အတွက် အခုလို သတင်းပေးတဲ့သူကို ဆုငွေကျပ်သိန်း(၂၀၀) ဆုချမယ်ဆိုပြီး ဆုငွေထုတ်လိုက်တာပါပဲ” ဟု၎င်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်၍ မြစ်ကြီးနားမြို့ ပလန နယ်မြေရဲစခန်းတွင် Power Five Star ကုမ္ပဏီမှ တရားလို ပြုလုပ်ကာ အမှုဖွင့်တိုင်ကြားထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူုး ရဲမှူးမြင့်မိုးက ပြောသည်။
“ ဒီအမှုနဲ့ ပတ်သက်လို့ကတော့ စုံစမ်းဆဲပါ၊ လောလောဆယ်တော့ CCTV မှတ်တမ်းတွေ လိုက်နေတယ်၊ အခုထိတော့ တရားခံဘယ်သူဆိုတာ မသိရသေးဘူးပေ့ါ လိုက်ပြီးစုံစမ်းဆဲပဲရှိပါသေးတယ် ”ဟု ရဲမှူးမြင့်မိုးက EPNကို ပြောသည်။
ထို့ပြင် Power Five Star ကုမ္ပဏီအနေဖြင့် “ ဒေသခံတွေနဲ့ အကုန်လုံးအဆင်ပြေတယ်၊ လူမျိုးရေး ကိစ္စတွေလည်း ဘာတစ်ခုမှမရှိဘူးလေ ပြီးတော့ ကျွန်တော်တို့ လုပ်တာကလည်း အားလုံးတရားဝင် လုပ်တာ တရားမဝင်လုပ်ထားတာ တစ်ခုမှလည်း မရှိဘူးလေ၊ ကျွန်တော်တို့ ဘက်ကတော့ ဘယ်သူ့မှ သံသယမရှိပါဘူး” ဟု ကိုအောင်ထွန်းလင်းက ထည့်သွင်း ပြောဆိုသည်။
မေလ ၄ ရက်နေ့က တပ်ကုန်းရပ်ကွက်ရှိ ဆွမ်ပရာဘွမ်လမ်းပိုင်း လမ်းပြုပြင်ရာမှာ အသုံးပြုသည့် အဆိုပါ Power Five Star လမ်းဆောက်လုပ်ရေး ကုမ္ပဏီပိုင် မြေညှိစက်နှင့် ရေသယ်ယာဉ်ဘောက်ဆာတစ်စီး စုစုပေါင်း နှစ်စီး မီးရှို့ခံခဲ့ရခြင်း ဖြစ်သည်။
မိုးလေး
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း လုံထန်နှင့် ချင်းရွှေဟော်မြို့တို့တွင် ၂၁ ရက် အသွားအလာကန့်သတ်ထားရှိခဲ့သူအချ...
-
အမြင့်ပေ ၃၀၀ ခန့်ရှိ စွန့်ပစ်မြေစာပုံမှ ပြုတ်ကျသည့် ရေမဆေးကျောက်ရှာသူ တစ်ဦးသေဆုံး EPN ဖားကန့်၊ ဇွန် ၂၁ ဖားကန့်ကျောက်စိမ်းမှော်ဒေ...
-
ယူကရိန်းတွင် ၅နှစ်သားကလေးကို မူးပြီးပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ EPN နိုင်ငံတကာ၊ ဇွန် ၅ ယူကရိန်းနိုင်ငံမှာ အရက်သေစာမူ...
-
" လုပ် သင့် တာ ကို လုပ် ကြ မှာ ပဲ " (ဆောင်းပါး) မြစ် ဆုံ ကို ပြန် လုပ် ဖို့ အ ခြေ အ နေ ရှိ တယ် လို့ ခန့် မှန်း ရ တယ် ။...
No comments:
Post a Comment