EPN
နို်င်ငံတကာ၊ ဇွန် ၉
တနင်္လာနေ့မှာ လူမည်းအမျိုးသားဂျော့ဖလွိုက်ကို အင်အားအလွန်အကျွံသုံး
ထိန်းသိမ်းခဲ့တဲ့ရဲအရာရှိကို ရုံးထုတ် စစ်ဆေးခဲ့ပြီး သူ့အတွက်
အာမခံကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁.၂ သန်းကျော်သတ်မှတ်လိုက်ပါတယ်။
ဒေါ်လာတစ်သန်းကျော်သတ်မှတ်လိုက်တာဟာ စွဲချက်တွေပြင်းထန်မှုနဲ့ လူတွေရဲ့အမျက်တို့ကြောင့်လို့ အမှုစစ် တွေကပြောပါတယ်။
ဒဲရက်ချော်ဗင်ဟာ အဆင့် ၂ လူသတ်မှု၊ ကြိုတင်ကြံစည်သတ်ဖြတ်မှုတို့နဲ့ စွဲချက်တင်ခံထားရပြီး ကျန်တဲ့အရာရှိ ၃ ယောက်ကိုလည်း ကူညီမှု၊ လူသတ်မှုမှာပါဝင်ပတ်သက်မှုတို့နဲ့ စွဲချက်တင်ထားပါတယ်။
မေလကုန်ပိုင်းမှာ ဂျော့ဖလွိုက်သေဆုံးမှုကြောင့် ကမ္ဘာတဝန်းအသားအရောင်ခွဲခြားမှုဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ် နေပြီး ရဲတွေပြုပြင်ပြောင်းလဲဖို့လည်း တောင်းဆိုနေကြပါတယ်။
မင်နီယာပိုလစ်မှာ မေ ၂၅ ရက်က ဖလွိုက်ကိုထိန်းသိန်းချိန် ချော်ဗင်က လည်ပင်းကို ၉ မိနစ်လောက်ကြာ အောင် ဒူးနဲ့ ဖိခဲ့တာပါ။
သူနဲ့ တခြားရဲအရာရှိ ၃ ယောက်ကို ရဲတပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ပြီး စွဲချက်တွေတင်ထားပါတယ်။
ဒဲရက်ကို မင်နီဆိုးတာပြည်နယ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဇွန် ၂၉ ရက်မှာ ဒုတိယရုံးချိန်းသတ်မှတ် ထားပါတယ်။
Ref : George Floyd murder suspect Derek Chauvin has bail set at $1.25m

No comments:
Post a Comment