EPN
ရန်ကုန်၊ မေ ၃
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက် တည်ငြိမ်အေးချမ်းရေး၊
လုံခြုံ ရေး၊ တရားမဝင်ဖြတ်ကျော်မှုနှင့် မူးယစ်ဆေးဝါးများ
သယ်ယူပို့ဆောင်မှုမရှိစေရေးတို့ အတွက် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းတွင် ARSA
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းမှ
ချောင်းမြောင်းပစ်ခတ်ခဲ့သည်။
ဖြစ်စဉ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နယ်ခြားမှတ်တိုင်၊ ဘီပီ ၄၁ ၏အရှေ့တောင်ဘက် မီတာ ၄၀၀ သို့ယနေ့နံနက် ရ နာရီ ၅၀ မိနစ်ချိန်ရောက်ရှိစဉ် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ ချောင်းမြောင်းပစ်ခတ်ခဲ့သည်။
ဖြစ်စဉ်ဖြစ်လျှင်ဖြစ်ခြင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်စစ်ကြောင်းတို့က စစ်ကူပေးလိုက်ခဲ့ပြီး ပြန်လည်ပစ်ခတ်ခဲခြင်းကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွားကြောင်းသိရှိရပြီး ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုင်ဒဏ်ရာရရှိခဲ့သည်။
ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများအနေဖြင့် နယ်စပ်မျဉ်း မှတစ်ဆင့် ခိုးဝင်ရောက်ပြီး အကြမ်းဖက်မှုများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ဧပြီ ၈ ရက်တွင် ခမောင်းဆိပ်ကျေးရွာ၏အနောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာရှိ ၎င်းတို့၏ ယာယီနေရာအတွင်းမှ ခဲယမ်းများ၊ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ဧပြီ ၁၅ ရက်တွင် အောင်ဇူနယ်မြေရုံးမှ အရေးကြီးလုပ်ငန်း စာရွက်စာတမ်းများ ပေးပို့သော ရဲတပ်ဖွဲ့ဝင်များကို ခမောင်းဆိပ်ကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့် အကွာ၌ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။
ထို့ပြင် ဧပြီ ၂၉ ရက်တွင်လည်း နယ်စပ်မှတ်တိုင်အမှတ်၊ဘီပီ ၄၁ ၏ မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၂ ဦးကို မူးယစ်ဆေးဝါး များ၊ ဒေသန္တရလက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။
#EPN #ARSA

No comments:
Post a Comment