မုံရွာမြို့တွင် Maskတပ်ရန်အသိပညာပေးသည့်ယာဉ်ထိန်းရဲ ဓားခုတ်ခံရ
EPN
မုံရွာ၊ဧပြီ - ၂၀
ကိုဗစ် ၁၉ကာကွယ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့
မြို့ပတ်လမ်းနှင့်သာစည်လမ်းထောင့်က ပြည်တော်သာဂိတ်၌ ဧပြီလ ၂၀ ရက်နေ့
နံနက်ပိုင်းက နှာခေါင်းစည်း (Mask) တပ်ရန် ပညာပေးပြောကြားသူယာဉ်ထိန်းရဲကို
ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တော်သာဂိတ်တွင်
သက်ဆိုင်ရာ ဌာနများနှင့် အရပ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး
ကျန်းမာရေးစစ်ဆေးမှုများနေ့စဉ်ပြုလုပ်လျှက်ရှိရာ ယာဉ်ထိန်းရဲက Mask
မပါသူကို Mask တပ်ရန် အသိပညာပေးရာမှ ဓါးခုတ်ခံလိုက်ရခြင်းဖြစ်သည်။
"မနက်ပိုင်းကဖြစ်ပွားတာပါ။ဓားခုတ်ခံရတဲ့ယာဉ်ထိန်းကရှောင်လိုက်တဲ့အတွက်
ပွန်းပဲ့ယုံဒါဏ်ရာရတာပါ။ဓားခုတ်ပြေးတဲ့သူကို ရဲတပ်ဖွဲ့က
မင်္ဂလာကုန်းကျေးရွာအနီးမှာ
ဖမ်းဆီးမိခြင်းဖြစ်တယ်။နယ်မြေရဲစခန်းမှာအမှုဖွင့်အရေးယူထားတယ်။ကံပြားအုပ်စုဆုံကုန်းရွာကလူပါ"ဟု
အမှတ်၁၁၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး(မုံရွာ) ဒုရဲမှူးဇော်ဝင်းနိုင်ကပြောသည်။
အသုံးပြု ကျူးလွန်ခဲ့သည့်ဓါးမှာ ငှက်ကြီးတောင်အမျိုးစားဖြစ်ပြီး အရိုးသွား
လက်မ ၂၀ ကျော်ရှိကာ ဓါးခုတ်မှုကျူးလွန်သူမှာ မုံရွာမြို့ နယ် ကံပြားအုပ်စု
ဆုံကုန်းရွာနေထိုင်သူ ဦးအောင်ကျော်မြင့် အသက် (၄၉) နှစ်ဆိုသူ ဖြစ်သည်။
ဓါးခုတ်မှုကျူးလွန်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၃၂ /၁၉(င) ဖြင့် မုံရွာ နယ်မြေရဲစခန်းမှ
အရေးယူထားကြောင်း သတင်းရရှိသည်။
သူရိယထက်
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment