EPN
့အင်းတော်ကြီး၊ ဧပြီ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊
မိုးညှင်းမြို့နယ်အင်းတော်ကြီးဒေသအတွင်းရှိ အများပြည်သူများအနေဖြင့်
နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းများကို (၁၃၈၂ခုနှစ်
တန်ခူးလပြည့်ကျော် ၁၁ ရက်) ယမန်နေ့ ဧပြီလ (၁၈)ရက်နေ့ မှ စတင်၍ ည (၁၀း၀၀)
နာရီမှ နံနက် (၄း၀၀)နာရီအထိ ညထွက်ခြင်းမပြုရန် မိုးညှင်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် (၃/ ၂၀၂၀)ဖြင့်
အမိန့်ထုတ်ပြန်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူရုံးမှ သိရသည်။
ယင်းထုတ်ပြန်ချက်ကို အများပြည်သူကျေးရွာသူ/ သားများ သိရှိနိုင်ရန် လော်စပီကာဖြင့် ကျေးရွာအတွင်း ထုတ်ပြန်ကြော်ငြာပေးခြင်း ထုတ်ပြချက် စာများဖြန့်ဝေပေးခြင်းများ အများပြည်သူသိရှိနိုင်စေရန်ပြုလုပ်လျက်ရှိနေသည်ဟု အုပ်ချုပ်ရေးမှူး ဦးစိုမြင့်မှ ပြောသည်။
ယခု လက်တလောဖြစ်ပေါ်နေသော COVID-19 ကူးစက်မြန်ရောဂါသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၃)ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသို့ ကူးစက်ဖြစ်ပွားခဲ့ရာ ယနေ့အထိ ကူးစက်ခံရသူပေါင်း (၁၀၇)ဦးရှိကာ သေဆုံးသူ(၅)ဦး ရှိပြီ ဖြစ်သည်။
အင်းတော်ကြီးဒေသတွင် ရောဂါကူးစက်ခံရသူ မရှိသေးသော်လည်း ကူးစက်ပြန့်ပွားမှုများ အဆိုပါနယ်မြေအတွင်း မဖြစ်ပေါ်စေရေးအတွက် ယင်းဒေသအတွင်း ပြန်လည်ဝင်ရောက် လာသူများအား နေအိမ်၊ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းစသည့် နေရာများတွင် ထားရှိ၍ Quarantine စောင့်ကြည့်လျှက်ရှိသည်။
COVID-19 ရောဂါသည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေးများကို ထိခိုက်စေသည့်အပြင် အသက်အန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားလာနိုင်သဖြင့် အင်းတော်ကြီးဒေသအတွင်းရှိ ပြည်သူများအနေဖြင့် ည(၁၀း၀၀)နာရီမှ နံနက် (၄း၀၀)နာရီအထိ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းများ မပြုရန်နှင့် ညထွက်ခြင်းမပြုရန် အမိန့်စာတွင် ထည့်သွင်း ဖော်ပြပါရှိသည်။
ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် ပြည်သူများမှ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။
နေကြာ

No comments:
Post a Comment