EPN
နိုင်ငံတကာ၊ ဧပြီ ၁၉
ကန့်သတ်ချက်များဖြေလျော့မည့် လမ်းညွှန်ချက်များ ကြေညာပြီးနောက်
ပြည်နယ်အချို့က စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန်
ဆောင်ရွက်လျက်ရှိရာ တိုင်းပြည်၏ စီးပွားရေး စောလျင်စွာ ပြန်လည်ကောင်း
မွန်ရန် မျှော်လင့်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အဆိုးဆုံးအခြေအနေ ကျော်လွန်ခဲ့ပြီဟု သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၈ ရက်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း မှာ စပိန် သို့မဟုတ် အီတလီနိုင်ငံတို့ထက် နည်းပါးကြောင်း သူကဆိုသည်။
တက္ကဆတ်နှင့် ဗားမောင့်ပြည်နယ်များက ဧပြီလ ၂၀ ရက်တွင် စီးပွားရေးလုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ် ခွင့်ပြုမည်ဖြစ်သော်လည်း ခပ်ခွာခွာနေစည်းမျဉ်းများ ဆက်လက်သတ်မှတ်ထားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။
စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ပို၍ သတိထားသော နည်းလမ်းတစ်ရပ်ဖြင့်ဆောင်ရွက်ရန် အတိုက်အခံ ဒီမိုကရက်များက တောင်းဆိုနေကြသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်၍ တရုတ်နိုင်ငံ က တာဝန်ယူသင့် မသင့် သတင်းထောက်တစ်ဉီးက သမ္မတ ဒေါ်နယ်ထရမ့်ကို မေးမြန်းခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်က အမှားအယွင်းတစ်ခု ဖြစ်ခဲ့ခြင်းရှိ မရှိ သို့မဟုတ် လူများက တမင်တကာ တာဝန်ရှိ မရှိဆိုသောအချက်အပေါ် မူတည်လိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့သည်။
--ကိုးကား--
အင်န်အိတ်ချ်ကေ
Ref; Trump expresses hope for economic recovery

No comments:
Post a Comment