Search

Sunday, April 19, 2020

ဆွီဒင်မင်းသမီး ဆိုဖီယာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆေးရုံ၌ လုပ်အားပေး

ဆွီဒင်မင်းသမီး ဆိုဖီယာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆေးရုံ၌ လုပ်အားပေး



EPN
နိုင်ငံတကာ၊ ဧပြီ ၁၉

မင်းသမီး ဆိုဖီယာက စတော့ဟုမ်းမြို့တော်ရှိ ဆေးရုံတစ်ရုံ၌ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ရှေ့ တန်းမှထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပံ့ပိုးကူညီမည်ဟု ဆွီဒင်တော်ဝင်နန်းတော်က ကြေညာ လိုက်သည်။

မော်ဒယ်လ်ဟောင်းတစ်ဉီးဖြစ်သည် မင်းသမီး ဆိုဖီယာသည် Sophiahemmet ဆေးရုံ၌ စေတနာ့ဝန် ထမ်းတစ်ဉီးအဖြစ် လုပ်အားပေးခွင့်ရှိမည့် သုံးရက်ကြာ ဆေးဘက်ဆိုင်ရာ အရေးပေါ်လေ့ကျင့်ရေးသင်တန်းသို့ တက်ရောက်ခဲ့သည်ဟု ဆွီဒင်တော်ဝင်နန်းတော်က ပြောကြားခဲ့သည်။


မင်းသမီး ဆိုဖီယာ၏ အခန်းကဏ္ဍတွင် ကိုရိုနာဗိုင်းရပ်စ် လူနာများနှင့် တိုက်ရိုက်ထိတွေ့မှု မပါဝင်သော် လည်း ကုသပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များကို ပံ့ပိုးကူညီမှုပါဝင်သည်။

Sophiahemmet တက္ကသိုလ်ကဖွင့်လှစ်သည့် အွန်လိုင်းသင်တန်းက ကိရိယာများ ပိုးသတ်ဆေးဖြန်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မီးဖိုခန်းအတွင်း လုပ်ကိုင်ခြင်းတို့ပါဝင်သည့် အစရှိသည့်တာဝန်များယူနိုင်ရန် ဆေး ဘက်ဆိုင်ရာပတ်ဝန်းကျင်၌ အတွေ့အကြုံမရှိသူများ တာဝန်ထမ်းဆောင်နိုင်ရန် ပြင်ဆင်ပေးသည်။

“ဒီအကျပ်အတည်းကာလမှာ မင်းသမီးက ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေ သက်သာရာရ စေဖို့ စေတနာ့ဝန်ထမ်းတစ်ဉီးအဖြစ် ဆောင်ရွက်လိုခြင်းဖြစ်ပါတယ်” ဟု ဆွီဒင်တော်ဝင်နန်းတော်မှ ပြောရေးဆို ခွင့်ရှိသူတစ်ဉီးက ပြောကြားသည်။

မင်းသား ကားလ်ဖိလစ်၏ဇနီးသည်ဖြစ်သူ မင်းသမီး ဆိုဖီယာသည် အတိတ်ကလည်း ဆေးရုံ၌ အနီးကပ် လုပ်အားပေးခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်ကတည်းက ဂုဏ်ထူးဆောင်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မင်းသမီး ဆိုဖီယာ သည် ဆွီဒင်တော်ဝင်မိသားစုအတွင်း အခန်းကဏ္ဍတစ်ရပ်အဖြစ် ပရဟိတလုပ်ငန်းများ ပုံမှန် ဆောင်ရွက်သည်။

၂၀၁၅ ခုနှစ်တွင် မင်းသား ကားလ်ဖိလစ်နှင့် လက်ထပ်ထိမ်းမြားပြီးနောက် အွန်လိုင်းအနိုင်ကျင့်မှုနှင့် အ မုန်းစကားပြောကြားမှု တိုက်ဖျက်ရန် မင်းသမီး ဆိုဖီယာက Prince Carl Philip and Princess Sofia ဖောင်ဒေး ရှင်းကို တည်ထောင်ခဲ့သည်။

--ကိုးကား--
အာရှထရီဗျူး
Ref; Princess Sofia to join workers at a hospital treating corona virus patients

No comments:

Popular Posts