ချင်းပြည်နယ်COVID-19 ရောဂါ
ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ငွေကျပ်သိန်းပေါင်း
နှစ်ထောင်ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ၊
ပညာပေးလက်ကမ်းစာစောင်ပိုစတာများလှူဒါန်း
EPN
ကလေး၊ ဧပြီ ၂၁
ချင်းပြည်နယ်COVID-19 ရောဂါ
ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Dr.SaSa ဦးဆောင်သော
Health and Hope(မြန်မာ)မှ ဧပြီ ၂၀ ရက်နေ့ညနေ ၄ နာရီ အချိန်က
ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ငွေကျပ်သိန်းပေါင်း
နှစ်ထောင်ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ၊
ပညာပေးလက်ကမ်းစာစောင်ပိုစတာများလှူဒါန်းခဲ့ကြသည်။
ချင်းပြည်နယ်အတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး
ကာလ အတွင်း အသုံးပြုနိုင်ရန် ငွေကျပ်
သိန်းပေါင်းနှစ်ထောင့်တစ်ရာခြောက်ဆယ်ကျော် တန်ဖိုးရှိ
ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ငွေကျပ်သိန်းတစ်ရာ
တန်ဖိုးရှိ ချင်းတိုင်းရင်းသား ဘာသာ၊ မြန်မာဘာသာ တို့ဖြင့်ပုံနှိပ်ထားသည့်
ပညာပေး လက်ကမ်းစာစောင်များ၊ပိုစတာများကို ပေးအပ်လှူဒါန်းရာ
ချင်းပြည်နယ်COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ
ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
"Health
and Hope Dr.SaSa ဦးဆောင်တဲ့အဖွဲ့ကနေပြီးတော့
ကျွန်တော်တို့အစိုးရအဖွဲ့ဆီလာပြီး
ကျန်းမာရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေ၊ကိုရိုနာဗိုင်းရပ်ကို
ဒါရိုက်အကျိုးပြုတဲ့ဟာတွေရှိနိုင်တယ်။ အခြားမြို့နယ်တွေမှာ
သုံးလို့ရမယ့်ပစ္စည်းတွေရှိနိုင်တယ်။သူတို့ရဲ့Projectကတော့
ဆင်းရဲနွမ်းပါးတဲ့ရွာပေါင်း ၁၄၀ လောက်ကိုထောက်ပံ့ဖို့ အတွက် ရည်ရွယ်ပြီး
လှူဒါန်းတာဖြစ်ပါတယ်"ဟုချင်းပြည်နယ်အစိုးရအဖွဲ့
ပြောခွင့်ဆိုခွင့်ရှိသူစည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
ချင်းပြည်နယ် COVID-19 ရောဂါ
ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် Dr.SaSa ဦးဆောင်သော
Health and Hope(မြန်မာ)မှ လှူဒါန်းသည့် ဆေးနှင့် ဆေးပစ္စည်းများ၊
ဆေးရုံသုံးပစ္စည်းများ၊ ချင်းတိုင်းရင်းသားဘာသာ၊ မြန်မာဘာသာ
တို့ဖြင့်ပုံနှိပ်ထားသည့် ပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို
သက်ဆိုင်ရာ တိုက်နယ်ဆေးရုံများအပါအဝင် ဆေးရုံများနှင့်
ချင်းပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၄၀)အား အချိန်နှင့်တပြေးညီ
ဆက်လက်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သူရိယထက်
ဓာတ်ပုံ - ဟားခါးပြန်ဆက်
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment