Search

Sunday, May 3, 2020

ဘိုလီဗီးယားလေတပ်မှ လေယာဉ်ငယ်ပျက်ကျရာ လူခြောက်ဉီး သေဆုံး

ဘိုလီဗီးယားလေတပ်မှ လေယာဉ်ငယ်ပျက်ကျရာ လူခြောက်ဉီး သေဆုံး



EPN
နိုင်ငံတကာ၊ မေ ၃

လူသားချင်းစာနာထောက်ထားမှု တာဝန်ထမ်းဆောင်နေသည့် ဘိုလီဗီးယားလေတပ်မှ လေယာဉ်တစ် စင်းမှာ ပျံတက်ပြီးနောက် ပျက်ကျခဲ့ရာ စပိန်လူမျိုးလေးဉီး အပါအဝင် လူခြောက်ဦး သေဆုံးခဲ့ကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက မေလ ၂ ရက်တွင် ပြောကြားခဲ့သည်။


အင်ဂျင်နှစ်လုံးတပ် Beechcraft Baron လေယာဉ်မှာ ဘိုလီဗီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ထရီနီဒတ် မြို့တော် ဆင်ခြေဖုံးဒေသရှိ စိမ့်မြေဧရိယာတစ်ခုတွင် ပျက်ကျခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်က ဆိုသည်။

စပိန်လူမျိုးလေးဉီးအား စပိန်နိုင်ငံသို့ပျံသန်းမည့် လေကြောင်းခရီးစဉ်တစ်ခု မှီစေရန် အဆိုပါလေယာဉ် ဖြင့်ပို့ဆောင်စဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျလေယာဉ်ကို ဘိုလီဗီးယားလေတပ်မှ ဗိုလ်ကြီးတစ်ဉီးနှင့် ဗိုလ် တစ်ဉီးတို့က မောင်းနှင်ခြင်းဖြစ်သည်။

စပိန်နိုင်ငံသို့ထွက်ခွာမည့် လေကြောင်းခရီးစဉ်တစ်ခု စီးနင်းရန် ဆန်တာခရုဇ်မြို့တော်ရှိ လေဆိပ်သို့ စပိန်နိုင်ငံသားများကို ပို့ဆောင်ပေးချိန်တွင် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးမှူးများက လေယာဉ်ပျက်ကျရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဝန် ကြီးဌာနက ဆိုသည်။

--ကိုးကား--
အေဘီစီနယူး
Ref; Bolivia air force plane crashes, killing 2 crew, 4 Spaniards

No comments:

Popular Posts