Search

Sunday, May 3, 2020

COVID-19 ရောဂါကြောင့် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးတွေကို သတင်းဌာန တစ်ခုလျှင် ၁ ဦးသာ တက်ရောက် သတင်းယူခွင့်ပြုမည်

COVID-19 ရောဂါကြောင့် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးတွေကို သတင်းဌာန တစ်ခုလျှင် ၁ ဦးသာ တက်ရောက် သတင်းယူခွင့်ပြုမည်



EPN
နေပြည်တော်၊ မေ ၃

မေလ ၁၈ ရက်နေ့မှာ စတင်ကျင်းပမည့် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးတွေမှာ သတင်းဌာနတစ်ခုလျှင် ၁ ဦးသာ တက်ရောက်သတင်းရယူခွင့်ပြုမှာဖြစ်ပြီး လိုအပ်ပါက သတင်းရယူမယ့် သတင်းသမားတွေကို COVID-19 ရောဂါ ဖြစ်ပွားမှု ရှိ/မရှိ ကြိုတင်စစ်ဆေး သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ရုံးကနေ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။


ဒီအပြင် သတင်းရယူမဲ့ သတင်းသမားတွေအနေနဲ့ လွှတ်တော်ဝင်းအတွင်းမှာ မည်သူတစ်ဦးတစ်ယောက် ကိုမှ တွေ့ဆုံမေးမြန်း သတင်းရယူတာတွေမလုပ်ဆောင်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက် တွေကို လိုက်နာပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လိုအပ်လို့သာ အခုလို ကန့်သက်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်တယ်လို့ပဲ မြင်ပါတယ်။ ကျွန်တော်တစ်ဦးတည်းအမြင်အရဆိုရင် လိုက်နာသင့်တဲ့ ကိစ္စပါ။ နောက်ပြီးတော့ အရေးကြီးလို့သာ အခုလိုအချိန်မှာ လွှတ်တော်ခေါ်တာပါ။ ဒီအတွက် သတင်းယူခွင့် ခေတ္တပိတ်ထားမယ်ဆိုရင်တောင် ကျွန်တော်အနေနဲ့က လက်ခံနိုင်ပါတယ်။ ဒီရောဂါကို တွန်းလှန်နိုင်တဲ့ အချိန်မှာတော့ လွှတ်တော်သတင်းယူခွင့်ကို အရင်ကအတိုင်းပြန်ခွင့်ပြုပေးရင် ရပါပြီ။ ဒီအချိန်မှာတော့ ညွှန်ကြားချက်တိုင်းကို လိုက်နာရမှာက ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်”လို့ ယခင်ကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်တွေမှာ သတင်းရယူခဲ့တဲ့ လွှတ်တော်သတင်းထောက် တစ်ဦးက မှတ်ချက်ပြုပြောဆိုထားပါတယ်။

သတင်းရယူမယ့် ရန်ကုန်နဲ့ နေပြည်တော်မှာ COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုခံနိုင်သူတွေဖြစ်ဖို့ လိုအပ်ပြီး အမည်စာရင်းကိုတော့ သတ်မှတ်ကြေညာပေးထားတဲ့ ပုံစံအတိုင်းဖြည့်စွက်ပြီး မေလ ၅ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားကာ myanmarparliament@pds.hluttaw.mm နဲ့ fax 067-591187 တို့ကို ပေးပို့ရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

အောင်ဆန်းဦး

No comments:

Popular Posts