EPN
နိုင်ငံတကာ၊ ဇွန် ၆
အေဂျင်စီသွားချင်တဲ့စခန်းတွေကို အီရန်က ဆက်တိုက်၀င်ခွင့်မပြုတာကြောင့်
ပြင်းပြင်းထန်ထန်စိုးရိမ်မိတယ်လို့
ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအေဂျင်စီကပြောပါတယ်။
သံသယရှိတဲ့နေရာ ၂ နေရာကို စစ်ဆေးချင်ပေမဲ့ အီရန်က ၄ လ ကျော်ကြာအောင် ပိတ်ဆို့ထားတယ်လို့ နိုင်ငံ တကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ကပြောပါတယ်။
၂၀၁၅ ခုနှစ်က နျူကလီးယားရည်မှန်းချက်ကို ရပ်လိုက်ဖို့ အီရန်ကတိမပြုခင် ကာလအတော်ကြာအောင် အဲဒီ နေရာတွေမှာ လှုပ်ရှားမှုရှိနေတာလို့ ယူဆရပါတယ်။ အီရန်နိုင်ငံရဲ့ကြွယ်၀တဲ့ယူရေနီယံသိုလှောင်မှုဟာ သတ် မှတ်ထားတာထက် ကျော်လွန်နေပြီလို့ IAEA ကပြောပါတယ်။
မထုတ်ပြန်ရသေးတဲ့အစီရင်ခံစာမှာပါနေတဲ့တွေ့ရှိချက်တွေကို အခုလလယ်မှာ အေဂျင်စီက ဆွေးနွေးမယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၁၅ ခုနှစ်က အီရန်နျူကလီးယားသဘောတူစာချုပ် JCPOA ကနေ ၂၀၁၈ ခုနှစ်မှာ အီရန်နဲ့အမေရိကန်တို့ နုတ်ထွက်ခဲ့ပြီးနောက် တင်းမာမှုတွေမြင့်တက်နေချိန်မှာ အခုဖြစ်ရပ်ဖြစ်လာတာပါ။
နျူကလီးယားလက်နက်တွေထုတ်လုပ်ဖို့စီစဉ်နေတယ်ဆိုတာမဟုတ်ဘူးလို့ အီရန်က ငြင်းဆိုထားပြီး သူတို့ရဲ့ အစီအစဉ်တွေက ငြိမ်းချမ်းတယ်လို့လည်း ပြောထားပါတယ်။
Ref : Iran blocking sites access, UN nuclear watchdog says

No comments:
Post a Comment