မြစ်ကြီးနားမြို့သစ်ကြီးရပ်ကွက်က ရေနုတ်မြောင်းပိတ်ဆို့မှုကြောင့်
လူနေအိမ်တွေ ရေဝင်နေတဲ့ကိစ္စ သက်ဆိုင်ရာ က ထိရောက်စွာ တာဝန်ယူ
ဖြေရှင်းပေးမှု မရှိသေး
EPN
မြစ်ကြီးနား၊ ဇူလိုင် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် နယ်မြေ(၂)ထဲမှာ
ကုမ္ပဏီတစ်ခုက ရပ်ကွက်တွင်း ဖောက်လုပ်ထားတဲ့ ရေနုတ်မြောင်းကို
ပိတ်ဆို့မြေဖို့ လိုက်တာကြောင့် လူနေအိမ်တွေမှာရေတင်နေတာ တစ်လကျော်လောက်
ကြာမြင့်နေပြီဆိုပေမယ့် လက်ရှိအချိန်အထိ သက်ဆိုင်ရာဌာနဆိုင်ရာတွေက ထိထိ
ရောက်ရောက် တာဝန်ယူဖြေရှင်း ပေးမှု မရှိသေးဘူးလို့ အဲ့ဒီရပ်ကွက်နေ
ပြည်သူတွေက ဆိုပါတယ်။
အဲ့ဒီရေနုတ်မြောင်း ပိတ်ဆို့လိုက်တာကြောင့်
ရေနုတ်မြောင်းအနီး တစ်ဝိုက်က လူနေအိမ်ရှစ်လုံးမှာ ရေတွေတင်နေတာ တစ်လကျော်
ကြာမြင့်နေပြီဖြစ်လို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့က
မြု့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်နှင့် မြေစာရင်း ဌာနတို့က
လာရောက်ကွင်းဆင်း ကြည့်ရှုခဲ့ပေမယ့် လက်ရှိအချိန်အထိ တော့
ထိထိရောက်ရောက်တာယူဖြေရှင်းပေးတာ မရှိသေးဘူးလို့ အဲ့ဒီရပ်ကွက်နေ
ဒေါ်အေးမြင့်က ဆိုပါတယ်။
“ရေတွေနစ်နေတာ တစ်လကျော်ပြီ
မြို့နယ်ရုံးမှာ တိုင်ထားတာဆိုရင် ဆယ်ရက်လောက်တော့ရှိပြီး လာပဲ လာကြည့်ပြီး
ဘာမှ ထိထိရောက်ရောက် လာလုပ်ပေးတာ မရှိဘူး။ အခုဆိုရင် ပုတ်စော်တွေလည်း
နံနေပြီ”လို့ ဒေါ်အေးမြင့်ကပြောပါတယ်။
အဲ့ဒီလူနေအိမ်တွေမှာ
တင်နေတဲ့ရေတွေဟာ မိုးရေတွေသာဖြစ်ပြီး ယခင်နှစ်တွေက
အခုလိုရေတင်တာမျိုးမကြုံခဲ့ရပေမယ့် ဒီနှစ်မှာတော့ ကုမ္ပဏီတစ်ခုက
ခါတိုင်းစီးဆင်းနေတဲ့ ရေနုတ်မြောင်းကို ပိတ်ဆို့မြေဖို့လိုက် လို့အခုလို
မိုးရေတွေတင်နေတာဖြစ်ပြီး အဲ့ဒီမိုးရေတွေကြောင့် အချို့ကျန်းမာရေး
ထိခိုက်တဲ့သူတွေလည်း ရှိနေတယ်လို့ ဒေါ်သဲက ဆိုပါတယ်။
“အခုရေတင်နေတော့ သွားရလာရတာ အပေါ့အလေးသွားတာကအစ ဘယ်ဟာမှ အဆင်မပြေဘူး။
ထမင်းချက်စားလို့တောင် အဆင်မပြေဘူး။ ကလေးတွေလည်းဝမ်းတွေပျက်လို့ အချို့ဆို
ခြေထောက် တွေမှာ ဝဲတွေစွဲကုန်ပြီ”လို့ ဒေါ်သဲက ပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီမိုးရေတင်နေတဲ့ကိစ္စကို ဖြေရှင်းဖို့
မြို့သစ်ကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးစီးပြီး မိုးရေတင်နေတဲ့
နေအိမ်မိသားစုတစ်စုထဲက လူတစ်ဦးနှုန်းဖြင့် လူအင်းအားနဲ့ရေမြှောင်း
တူးဖော်ခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့လို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကနေ
စက်ယန္တယားနဲ့ တူးဖော်ပေးဖို့တောင်းဆိုနေကြ ပါတယ်။
လွမ်းအောင်
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
မြေစာစွန့်ပစ်သည့်ကားကို ကျော်တက်ရာမှ ကားကြိတ်မိသဖြင့် ဆိုင်ကယ်ပေါ်မှ ဈေးသည် တစ်ဦးသေဆုံး EPN ဖားကန့်၊ ဖေဖော်ဝါရီ၂၃ ဖားကန့်မြို့နယ်၊ေ...
-
"အစိုးရခွင့်ပြု မည်ဆိုပါက ကျောက်စိမ်းတုံးထပ် မံ စိုက်ထူရန်အဆင်သင့်ရှိနေကြောင်း"ဒေါက်တာဘွန်ယွန်ပြော EPNြ...
-
ဖားကန့်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ် EPN ဖားကန့်၊ ဧပြီ ၁၁ ဖားကန့်မြ...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
No comments:
Post a Comment