EPN
နိုင်ငံတကာ၊ ဇူလိုင် ၃
အီသီယိုပီးယားနိုင်ငံ၊ အိုရိုမီရာဒေသတွင် နာမည်ကြီးအဆိုတော်တစ်ဉီး
သေဆုံးမှုက အကြမ်းဖက် ဆန္ဒပြမှုများအ ဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက်
လူပေါင်း ၈၁ဉီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲတစ်ဉီးက ဇူလိုင်လ ၁ ရက်
တွင် ပြောကြားခဲ့သည်။
သေဆုံးသူများထဲတွင် ဆန္ဒပြအကြမ်းဖက်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြောင်း အိုရိုမီရာ ရဲတပ်ဖွဲ့အကြီးအ ကဲက ရုပ်သံသတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
အီသီယိုပီးယားနိုင်ငံ၏ အိုရိုမိုလူမျိုးစု၏ အခွင့်အရေးများကို အလေးထားဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ဝန် ကြီးချုပ်ဟောင်း ရာထူးမှနှုတ်ထွက်စေခဲ့သည့် ဆန္ဒပြပွဲများအတွင်း ထင်ရှားသောသူ တစ်ဦးဖြစ်လာခဲ့သည့် အဆို တော်တစ်ဦးဖြစ်သူ ဟာချာလူဟွန်ဒက်ဆာကို ဇွန်လ ၂၈ ရက်က မည်သူမည်ဝါဟုမသိရသော သေနတ်သမားများ ၏ ပစ်ခတ်မှုခံခဲ့ရသည်။
၎င်းသေဆုံးခဲ့ပြီးနောက် အီသီယိုးပီးယားနိုင်ငံ၏မြို့တော် အဒစ်အဘာဘာနှင့် အိုရိုမိုလူမျိုးတို့၏ဒေသ အိုရိုမီရာဒေ သတွင် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သည်။
ဆန္ဒပြမှုများ ကျယ်ပြန့်လာမှုကို တားဆီးရန် အာဏာပိုင်များက ဇွန်လ ၃၀ ရက်တွင် ဒေသအချို့၌ အင်တာနက် လိုင်းများ ပိတ်ထားခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။
--ကိုးကား--
ဆင်ဟွာ
Ref; 81 killed in Ethiopia protests over singer's death: police

No comments:
Post a Comment