Search

Saturday, October 3, 2020

ကျန်းမာရေးဝန်ထမ်း လေးဥိီးအထိကိုဗစ် ကူးစက်ထားတာကြောင့် မိုးညှင်းဆေးရုံကြီး အဝင်အထွက်ယာယီ ကန့်သတ်ထား

ကျန်းမာရေးဝန်ထမ်း လေးဥိီးအထိကိုဗစ် ကူးစက်ထားတာကြောင့် မိုးညှင်းဆေးရုံကြီး အဝင်အထွက်ယာယီ ကန့်သတ်ထား

EPN
မိုးညှင်း၊ အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းပြည်သူ့ ဆေးရုံကြီးတွင်  ကျန်းမာရေး ဝန်ထမ်း (၄)ဦး အထိကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတာကြောင့် ဆေးရုံအဝင်အထွက်ကို ယာယီ ကန့်သတ်ထားကြောင်းမိုးညှင်း ခရိုင်ကိုဗစ်ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ဆေးရုံကြီးကို ပိတ်ထားတာတော့ မဟုတ်ပါဘူး။ ရောဂါတအားဆိုးရွားတယ်ဆိုရင်တော့ ကျွန်မတို့ဆီကို ဖုန်းဆက်အကြောင်းကြားလို့ ရပါတယ်။ တိုင်ပင်လို့လည်း ရပါတယ်။ ”ဟု မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး Dr ဒေါ်လာမာမီး က ပြောသည်။

မိုးညှင်းဆေးရုံကြီးအတွင်းအဝင်အထွက် ကန့်သတ်ရခြင်းမှာ အခြားလူနာများနှင့် အခြားသူများအား ကူးစက်မူ မဖြစ်စေရန် ကန့်သတ်ရခြင်း ဖြစ်ပြီး မလိုအပ်ဘဲ ဆေးရုံသို့ မလာရန်နှင့် လူနာစောင့်နှင့် ဧည့်သည် အများအပြား လာရောက်တွေ့ဆုံခြင်း မပြုလုပ်ရန်  အသိပေးညွန်ကြားမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၄ ဦးမှာ ကလေးအထူးကုဆရာဝန် နှစ်ဦးနှင့်သူနာပြုဆရာမ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ပြည်သူများ အနေဖြင့် ကိုဗစ်ရောသံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနက တာဝန်ရှိသူများထံ ပြသဖို့ ညွှန်ကြားထားပြီးဖြစ်ပြီး ​ဤသို့ သွားရောက်ပြသပါက ယင်းလူနာ၏ ခရီးသွား ရာဇဝင်ရယူပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်​ပြင်ဆင်ထားကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက ဆိုသည်။

''အခု မိုးညှင်း ဆေးရုံကြီးမှာ အတည်ပြုလူနာကိုပဲ ထားရှိကုသပေးမှာပါ ကိုဗစ်ရောဂါ လက္ခဏာရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ပြင်းထန်ဆိုးရွားတဲ့ အရေးပေါ်လူနာတွေ ကိုလည်း လက်ခံကုသပေးပါတယ်''ဟု ၎င်းက ပြောသည်။

ထို့အ​ပြင် ကျန်းမာရေး ဝန်ထမ်းများကိုလည်း အဆိုင်းများ ခွဲထားပြီး ကျန်းမာရေး စောင့်ရှောက်မှုများပေးနေကြောင်း သိရသည်။

လက်ရှိတွင် မိုးညှင်းတစ်မြို့နယ်လုံး၌ အောက်တိုဘာ (၂)ရက်နေ့အထိ Covid-19 ရောဂါကူးစက်ခံရသူ(၇)ဦး အထိရှိပြီး ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်

မြစ်ကြီးနား မလိခ ဝန်ထမ်းအိမ်ယာက အမျိုးသား တစ်ဦး အနံ့ပျောက်နေသဖြင့် နေအိမ်တွင် စောင့်ကြည့်ထား

မြစ်ကြီးနား မလိခ ဝန်ထမ်းအိမ်ယာက အမျိုးသား တစ်ဦး အနံ့ပျောက်နေသဖြင့် နေအိမ်တွင် စောင့်ကြည့်ထား

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊သီတာရပ်ကွက်ရှိ မလိခဝန်ထမ်းအိမ်ရာက အမျိုးသားတစ်ဦး အနံ့မရသည်မှာ လေးရက်တိတိရှိပြီ ဖြစ်သောကြောင့် လက်ရှိ ယင်းနေအိမ်အခန်းတွင်​ စောင့်ကြည့်ထားကြောင်း သီတာရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

ယင်းမျိုးသားမှာ ဝိုင်းမော်မြို့နယ် မြေစာရင်းဌာနရုံးက ဝန်ထမ်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်နေ့မှ ယမန်နေ့ (၂) ရက်နေ့ အထိ နှာခေါင်းအနံ့မရသဖြင့်​ လက်ရှိ ယင်းနေအိမ်အခန်း၌ Quarantine (၇)ရက်စောင့်ကြည့်မည် ဖြစ်ကြောင်း သီတာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးကဆိုသည်။

''သူက နှာစေးချောင်းဆိုးဖြစ်ပြီးတော့မှ နှာခေါင်းထဲမှာ တစ်ခုခုဝင်သွားတဲ့ အနေအထားပေါ့ အခုလောဆယ် အနံ့က လေးရက်ပျောက်သွားတယ်တဲ့ အခုက အနံ့ပြန်ရတယ်တဲ့ကျန်းမာရေးဘက်က စိုးရိမ်ရတဲ့အနေအထား မရှိတဲ့အတွက်စောင့်ကြည့်အနေအထားနဲ့ပဲ ခုနှစ်ရက်စောင့်ကြည့်မယ်'' ဟု ဦးဝင်းဇော်ဦးကပြောသည်။

ယင်းအမျိုးသားကို ယနေ့နံနက်ပိုင်းက စတင်ကာ ၄င်းနေထိုင်ရာ မလိခဝန်ထမ်းအိမ်ရာတွင် Home Quarantine ၇ ရက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်

Wednesday, September 9, 2020

တရုတ်နိုင်ငံမှာ ရေကြီးမှုအန္တရာယ်များရသည့် အကြောင်းရင်းကဘာလဲ (သို့မဟုတ်) အနောက်အုပ်စုထက် ဆည်မြောင်း တည်ဆောက်မှု နည်းပါးသည့် တရုတ်နိုင်ငံ

 


တရုတ်နိုင်ငံမှာ ရေကြီးမှုအန္တရာယ်များရသည့် အကြောင်းရင်းကဘာလဲ (သို့မဟုတ်) အနောက်အုပ်စုထက် ဆည်မြောင်း တည်ဆောက်မှု နည်းပါးသည့် တရုတ်နိုင်ငံ

EPN
ဆောင်းပါး၊ စက်တင်ဘာ ၉

တရုတ်နိုင်ငံ၏ ဆည်မြောင်း စီမံကိန်းများ တည်ဆောက်အသုံးပြမှုသည် ကမ္ဘာမှာ ရာခိုင်နှုန်းအားဖြင့် အင်မတန်များသည်ဟု လူတစ်ချို့က ထင်မြင်ယူဆကြသည်။ အမှန်မှာတော့ တရုတ်နိုင်ငံ၏ ဆည်မြောင်း စီမံကိန်း တည်ဆောက် အသုံးပြုမှုနှုန်းသည် အလွန်များတာ မဟုတ်ဘဲ အင်မတန် နည်းပါးပါသည်။ တစ်နည်း ဆိုရသော် အနောက်နိုင်ငံများထက် အင်မတန်နည်းပါး ပါသည်။ အနောက်နိုင်ငံများသည်သာ ဆည်မြောင်း စီမံကိန်းများ တည်ပြီး ဖွံ့ဖြိုးမှု လုပ်ငန်းကို အကောင်အထည်ဖေါ်နေကြသည်။

သို့သော် တစ်ဘက်မှာလည်း အခြားသော နိုင်ငံများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဟန့်တားစေလိုသည့် အတွက် သွယ်ဝိုက်သော နည်းလမ်းများဖြင့် ဟန့်တားစေနေသည်ကို တွေ့ရပါသည်။ ယခုနှစ်ပိုင်းများတွင် အနောက်နိုင်ငံ များသည် အစိမ်းရောင်အဖွဲ့အစည်းများကို အနောက်ကနေ ထောက်ပံ့ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင် ရေကာတာနှင့် ဆည်မြောင်းစီမံကိန်းများကို ကန့်ကွက်ဆန့်ကျင်သည့် ဝါဒကိုဖြန့်ချီ နေပါသည်။

ဒီနှစ် တရုတ်နိုင်ငံတောင်ပိုင်းတွင် ပုံမှန်မဟုတ်သော မိုးသည်းထန်စွာ ရွာသွန်းမှုကို ပြန်ရင်ဆိုင် ခဲ့ရသည်။ အဘယ်ကြောင့် တရုတ်နိုင်ငံမှာ ဆည်မြောင်းစီမံကန်း အမြောက်အများ မတည်ဆောက်ထား သော်လည်း ‌ရေကြီးရေလျှံမှုကို ရင်ဆိုင်ရသနည်းဟု အများပြည်သူအံ့သြစွာ မေးခွန်းထုတ်နေကြပါသည်။ ထိုမေးခွန်းအတွက် အကြောင်းအရင်းမှာ နှစ်ခုရှိပါသည်။

ပထမအ‌ကြောင်းအရင်းမှာ တရုတ်နိုင်ငံ၏ မြေပြင်အနေအထားသည် ရှုပ်ထွေးပြီး တောင်တန်း မြစ် ချောင်း များပြားသောကြောင့် ရှေးခေတ်ကတည်းက တရုတ်နိုင်ငံတွင် ရေကြီးသည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။ ဒုတိယအကြောင်းအရင်းမှာကမူ တရုတ်နိုင်ငံ၏ ဆည်မြောင်း စီမံကိန်း တည်ဆောက် အသုံးပြုမှုနှုန်းသည် အနောက်နိုင်ငံများထက် အင်မတန်နည်းပါးသောကြောင့်ဖြစ်သည်။

၂၀၁၈ ခုနှစ် “တစ်ကမ္ဘာလုံးဆိုင်ရာရေလှောင်တာတမံအသင်းအဖွဲ့”၏ ကိန်းဂဏန်း ဒေတာများအရ  လူဇင်ဘတ် နိုင်ငံတွင် တစ်နိုင်ငံလုံး၏ ရေအရင်းအမြစ် ဖွံ့ဖြိုးမှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိပြီး နော်ဝေးနိုင်ငံတွင် ၉၉ ရာခိုင်နှုန်း၊ ဆွစ်ဇာလန်နိုင်ငံတွင် ၉၈ ရာခိုင်နှုန်း၊ အီတလီနိုင်ငံတွင် ၉၃ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံတွင် ၉၂ရာခိုင်နှုန်း၊ ဂျပန်းနိုင်ငံတွင် ၉၀ရာခိုင်နှုန်း၊ ဗြိတိနိုင်ငံတွင် ၉၀ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံတွင် ၈၂ရာခိုင်နှုန်း၊ ဂျမနီနိုင်ငံတွင်၇၃ရာခိုင်နှုန်းရှိပြီး တရုတ်နိုင်ငံမှာ ၃၄ ရာခိုင်နှုန်းသာ ရှိပါသည်။

ဆည်မြောင်းစီမံကိန်း တည်ဆောက်အသုံးပြုမှု အားနည်းသောကြောင့် တရုတ်နိုင်ငံ၏ ရေကြီးမှု ကာကွယ် နိုင်စွမ်းသည် အနောက်နိုင်ငံများထက် အားနည်းပါသည်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံ များသည် ”ခေတ်သစ်ဆည်မြောင်းပညာရှင်”များကို ပျိုးထောင်ပြီးတရုတ်နိုင်ငံတွင် “သဘာဝရေကြီးကာ ကွယ်ရေးမှုဝါဒ” ကို အချိန်ကြာရှည်စွာ ဖြန့်ချီပေးနေပါသည်။ ဤမှုဝါဒမှာ ရေကြီးမှုကို ဂရုမစိုက် ထိန်းသိမ်းစရာမလိုဘဲ မြစ်ရေ သဘာဝအတိုင်း အတက်အကျ ဖြစ်စေသည့် မှုဝါဒဖြစ်သည်။

ဤ”ခေတ်သစ်ဆည်မြောင်းပညာရှင်”များ၏ ဝါဒဖြန့်ချီရေးကြောင့် တရုတ်နိုင်ငံပါ ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင် ဆည်‌မြောင်း တာတမံတည်ဆောက်မှု နောက်နှေးပါသည်။ အချို့နေရာတွင် ဆည်မြောင်း တာတမံ အဆောက်အအုံ များကို ဖြုတ်ဖျက်သွားသည်။ ဒါကြောင့် ဤနေရာများတွင်လည်း ရေကြီးမှုကြောင့် နှစ်နာ ဆုံးရှုံးမှုမှာ ယခင်နှစ်ထက်ပိုများပြားပါသည်။

ပြီးခဲ့သည့် ၉၀ရာစုနှစ်တုန်းက ဆည်မြောင်းတာတမံစီမံကန်းတည်ဆောက်မှုနှုန်း အလွန်နည်း ပါးပါ သည်။ ဟိုတုန်းက တရုတ်နိုင်ငံ၏ မြစ်ချောင်းများသည် သဘာဝအတိုင်းအကွေ့အကောက်များပြီး မြစ်ကမ်း လည်း ခပ်ပြေပြေဘဲရှိကာ သဘာဝဂေဟစနစ်ကို လူသား အနှောက်အယှက်ပေးခြင်း၊ ဆည်မြောင်း တာတမံ တည် ဆောက်ခြင်းလုံးဝမရှိပါ။ သို့သော်ဟိုတုန်းက ရုတ်နိုင်ငံတွင် ရေကြီးမှုဒေတာ     အချက်အလက်များကို ပြန်လေ့လာ ကြည့်မယ်ဆိုရင် ၁၉၁၁ခုနှစ်မှာ ဖြစ်ပွားခဲ့သော ယန်စီမြစ်ရေကြီးမှု ဘေးအန္တရာယ်တွင် သေဆုံးသူ ဦးရေမှာ တစ်သိန်းရှိပြီး သန်းနှင့် ချီသော ပြည်သူများသည် နေအိမ်မှ စွန့်ခွာသွားရသည်။

၁၉၃၁ ခုနှစ်မှာ ဖြစ်ပွားခဲ့သော ယန်စီမြစ်ရေကြီးမှုဘေးအန္တရာယ်တွင် တစ်နိုင်ငံလုံးရှိ ပြည်နယ် ၁၆ ပြည်နယ်၌ ပြည်သူလူထု သိန်း၈၀၀ဘေးအန္တရာယ်ကို ရင်ဆိုင်ရပြီး သေဆုံးသူဦးရေမှာ ၄ ဒသမ၄၀ သိန်း နီပါးရှိခဲ့သည်။ အချိန် ၄နှစ် သာကွာခြားပြီး ၁၉၃၅ ခုနှစ်တွင်ယန်စီမြစ် ရေကြီးမှု ဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြန်သည်။ ဤရေကြီးမှုတွင် လူတစ်သိန်းလေးသောင်းငါးထောင် ကျော်သေဆုံးပြီး သန်းနှင့် ချီသောနေအိမ် ကို ပျက်စီး ခံခဲ့ရသည်။

၁၉၅၄ခုနှစ်မှာ ယန်စီမြစ်ရေကြီးမှုဘေးအန္တရာယ်ပြန်ဖြစ်သည်။ လူသုံးသောင်းသုံးထောင်ကျော် သေဆုံးပြီး လူသိန်း၁၈၈ကျော် အန္တရာယ်ရင်ဆိုင်ခဲ့ရသည်။ ဤဖြစ်စဉ် အကြောင်းရင်းများကို လေ့လာကြည့် ရင် ရေကြီးမှု ဖြစ်ပွားခဲ့မှုသည် တရုတ်နိုင်ငံတွင် ဆိုးဆိုးရွားရွားဖြစ်ခဲ့သည်ဟု ဆိုလိုနိုင်သည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတွင်း ရေကြီးမှု အန္တရာယ်ဖြစ်ခဲ့ရခြင်းသည် ဆည်မြောင်း တာတမံစီမံကိန်း တည် ဆောက်မှု နည်းလေလေ၊ ရေကြီးမှုအန္တရာယ် ဖြစ်ပွားမှု ပြင်းထန်လေလေဖြစ်ပါသည်။ ဆည်မြောင်းတာတမံ စီမံကိန်းတည်ဆောက်မှု နည်းလေလေ၊ ရေကြီးမှုကြောင့် သေဆုံးသူ ဦးရေများ လေလေဖြစ်ပါသည်။ ဆည်မြောင်း တာတမံ စီမံကိန်းတည်ဆောက်မှု နည်းလေလေ၊ နေအိမ်ပျက်စီးမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှု များ လေလေ ဖြစ်သည်။  ယခုတရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော သမိုင်းဖြစ်စဉ်ကို လေ့လာကြည့်ရင်း မိမိ နိုင်ငံအတွင်းမှာရော    အဘယ်ကဲ့သို့ စီမံထားရမည်ကို သတိချပ်စေမိမယ်ဆိုတာကို ယုံကြည်ရင်း ရေးသား လိုက်ရပါသည်။

ဗိုလ်ကျ



Popular Posts