Search
Tuesday, March 26, 2019
ျမန္မာ နဲ႔ ဘဂၤလားေဒရွ္႕တုိ႔မွာ (ARSA) အဖြဲ႔ စခန္းသစ္ေတြတည္ေဆာက္ေန
ျမန္မာ နဲ႔ ဘဂၤလားေဒရွ္႕တုိ႔မွာ (ARSA) အဖြဲ႔ စခန္းသစ္ေတြတည္ေဆာက္ေန
EPN
ႏိုင္ငံတကာ၊ မတ္ ၂၆
(ARSA) အဖြဲ႔ဟာ ျမန္မာ နဲ႔ ဘ ဂၤလားေဒရွ္႕တုိ႔မွာ စခန္းသစ္ေတြတည္ေဆာက္ေနေၾကာင္း အိႏၵိယ သတင္းေတြကေဖာ္ျပပါတယ္။
လံုျခံဳေရးအဖြဲ႔မ်ားကိုတုိက္ခုိက္ ေရး ေလ က်င့္သင္ၾကားမႈေတြျပဳလုပ္ႏုိင္ဖုိ႔ စခန္းသစ္ေတြတည္ေဆာက္ေနတာလည္းျဖစ္ပါတယ္။ အိႏၵိယ ေထာက္လွမ္းေရးအခ်က္လက္မ်ားအရ (ARSA) အဖြဲ႔တည္ေဆာက္ေနတဲ့စခန္းအခ်ိဳ႕ ဟာ ဘဂၤလားေဒရွ္႕ႏုိင္ငံ ေကာ့ဘဇာ ေဒသရွိ ဘဂၤလီဒုကၡသည္စခန္းေတြ အနီးမွာျဖစ္ေၾကာင္း ျမန္မာ နဲ႔ အိႏၵိယႏုိင္ငံၾကားရွိ အေျခခံအေဆာက္ဦးေတြကို တုိက္ခုိက္ဖုိ႔ ပစ္မွတ္ထားေနတာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။
(ARSA) အဖြဲ႔ ဟာ ဘဂၤလားေဒရွ္႕ႏုိင္ငံရွိ ဘဂၤလီဒုကၡသည္စခန္းကလူေတြကို လူသစ္စုေဆာင္းေနၿပီး လံုျခံဳေရးတပ္ဖြဲ႔၀င္မ်ားကို တုိက္ခုိက္ဖုိ႔ လက္နက္တပ္ဆင္ ေပးဖြယ္ရွိေနတယ္လို႔ အိႏၵိယ ေထာက္လွမ္းေရးအစီရင္ခံစာေတြကဆုိပါတယ္။ ျမန္မာအစိုးရက (ARSA) အစြန္းေရာက္အဖြဲ႔ဟာ ဘဂၤလားေဒရွ္႕ႏုိင္ငံအတြင္း စခန္းသံုးခုရွိေနၿပီး ဘဂၤလီေတြက (ARSA) နဲ႔ ပူးေပါင္းမႈေတြရွိတယ္လို႔ စြပ္စြဲထားပါတယ္။
ဘဂၤလားေဒရွ္႕အစိုးရေတာ့ သူတုိ႔ပိုင္နက္နယ္ေျမထဲမွာ (ARSA) အဖြဲ႔စခန္းေတြ မရွိဘူးလုိ႔ ျငင္းဆန္ထားပါတယ္။ အိႏၵိယ စစ္တပ္ ဟာ အိႏၵိယ - ျမန္မာနယ္စပ္ရွိ လက္နက္ကိုင္အဖြဲ႔ေတြကို ၾကီးမားတဲ့ထုိးစစ္ဆင္တုိက္ခုိက္မႈေတြလုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။
-------------------------------------
မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်တို့မှာ (ARSA) အဖွဲ့ စခန်းသစ်တွေတည်ဆောက်နေ
EPN
နိုင်ငံတကာ၊ မတ် ၂၆
(ARSA) အဖွဲ့ဟာ မြန်မာ နဲ့ ဘ င်္ဂလားဒေရှ့်တို့မှာ စခန်းသစ်တွေတည်ဆောက်နေကြောင်း အိန္ဒိယ သတင်းတွေကဖော်ပြပါတယ်။
လုံခြုံရေးအဖွဲ့များကိုတိုက်ခိုက် ရေး လေ ကျင့်သင်ကြားမှုတွေပြုလုပ်နိုင်ဖို့ စခန်းသစ်တွေတည်ဆောက်နေတာလည်းဖြစ်ပါတယ်။ အိန္ဒိယ ထောက်လှမ်းရေးအချက်လက်များအရ (ARSA) အဖွဲ့တည်ဆောက်နေတဲ့စခန်းအချို့ ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇာ ဒေသရှိ ဘင်္ဂလီဒုက္ခသည်စခန်းတွေ အနီးမှာဖြစ်ကြောင်း မြန်မာ နဲ့ အိန္ဒိယနိုင်ငံကြားရှိ အခြေခံအဆောက်ဦးတွေကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားနေတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
(ARSA) အဖွဲ့ ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ဘင်္ဂလီဒုက္ခသည်စခန်းကလူတွေကို လူသစ်စုဆောင်းနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ဖို့ လက်နက်တပ်ဆင် ပေးဖွယ်ရှိနေတယ်လို့ အိန္ဒိယ ထောက်လှမ်းရေးအစီရင်ခံစာတွေကဆိုပါတယ်။ မြန်မာအစိုးရက (ARSA) အစွန်းရောက်အဖွဲ့ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း စခန်းသုံးခုရှိနေပြီး ဘင်္ဂလီတွေက (ARSA) နဲ့ ပူးပေါင်းမှုတွေရှိတယ်လို့ စွပ်စွဲထားပါတယ်။
ဘင်္ဂလားဒေရှ့်အစိုးရတော့ သူတို့ပိုင်နက်နယ်မြေထဲမှာ (ARSA) အဖွဲ့စခန်းတွေ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ အိန္ဒိယ စစ်တပ် ဟာ အိန္ဒိယ - မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့တွေကို ကြီးမားတဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
Subscribe to:
Post Comments (Atom)
Popular Posts
-
မလေးရှား ကာကွယ်ရေးဝန်ကြီးဟောင်း၏သားကို မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ရှစ်လ ချမှတ် EPN နိုင်ငံတကာ၊ ဇွန် ၂၄ ပြီးခဲ့သည့်နှစ်က ကျူးလွ...
-
သာသနာေတာ္ အဓြန္႔ရွည္ေစရန္အတြက္ ရဟန္းခံရွင္ျပဳပြဲျပဳလုပ္ေပးျခင္းျဖစ္သည္ဟု ေရႊသစ္ပင္ဆရာေတာ္မွ မိန္႔ၾကား EPN မိုးညႇင္း မတ္လ ၂၇ ယေန႕ မတ္လ(...
-
ARSA က မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကင်းလှည့်ဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်၊ ရ...
-
ခိုးဝင်ဘင်္ဂါလီ (၁၆) ယောက်ကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် စောင့်ကြည့်လူနာအဖြစ် မြောင်းမြမြို့၌ ထားရှိကြောင်း ဧရာဝတီတိုင်း အစိုးရ အတည်ပြု...
-
မိုးညှင်းမြို့ပေါ်ရပ်ကွက်များ သွေးလွန် တုတ်ကွေး ကြိုတင်ကာကွယ်တားဆီးရေး ကွင်းဆင်းဆောင်ရွက်နေ EPN မိုးညှင်း၊ မေ ၃ ကချင်ပြည်နယ် မို...
No comments:
Post a Comment