Search

Tuesday, March 26, 2019

Yak-130 အမ်ိဳးအစားအေပါ့စားတုိက္ခိုက္ေရးေလယာဥ္ ၆ စင္း ကို ျမန္မာႏုိင္ငံကို ရုရွားလြဲေၿပာင္းေပးခဲ႕



Yak-130 အမ်ိဳးအစားအေပါ့စားတုိက္ခိုက္ေရးေလယာဥ္ ၆ စင္း ကို ျမန္မာႏုိင္ငံကို ရုရွားလြဲေၿပာင္းေပးခဲ႕

EPN 
ႏိုင္ငံတကာ၊ မတ္ ၂၆ 

ရုရွားဟာ Yak-130 အမ်ိဳးအစားအေပါ့စားတုိက္ခိုက္ေရးေလယာဥ္ ၆ စင္း ကို ျမန္မာႏုိင္ငံဆီ လႊဲေျပာင္းေပးခဲ့တယ္လို႔ ရုရွား ေလေၾကာင္း ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (UAC) ဒုတိယဥကၠဌကေျပာပါတယ္။ 

စစ္ဘက္ပူးေပါင္းေဆာင္ရြက္မႈအစိတ္အပိုင္းအျဖစ္ Yak-130 အမ်ိဳးအစားတုိက္ေလယာဥ္ လြဲေျပာင္းေရးစာခ်ဳပ္ အတုိင္း လုပ္ေဆာင္ေနတယ္လို႔ (UAC) အဖြဲ႔ ဒုတိယဥကၠဌ တာယာဆန္ကိုကေျပာပါတယ္။ 

ရုရွားႏုိင္ငံဟာ ၂၀၁၅ ခုႏွစ္မွာခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္ အရ ျမန္မာႏုိင္ငံဆီ Yak-130 အမ်ိဳးအစား တုိက္ေလယာဥ္ ၁၀ စင္း လႊဲေျပာင္းေပးထားၿပီျဖစ္ေၾကာင္း Sputnik သတင္းကဆုိပါတယ္။ 

လာအုိနဲ႔ ဘဂၤလားေဒရွ္႕ႏုိင္ငံတုိ႔မွာ အသံုးျပဳေနတဲ့ တုိက္ေလယာဥ္ Yak-130 အမ်ိဳးစားတုိက္ေလယာဥ္ ေရာင္းခ်ဖုိ႔ ၂၀၁၆ ခုႏွစ္က လက္မွတ္ေရးထုိးတာေတြရွိခဲ့တယ္လို႔ သိရပါတယ္။ 

မေလးရွားႏုိင္ငံ လန္ကာ၀ီေဒသမွာ ႏုိင္ငံတကာ ေရေၾကာင္းျပပြဲနဲ႔ ေလေၾကာင္းျပပြဲကို မတ္လ ၂၆ ရက္ကေန ၃၀ ရက္အထိ က်င္းပသြားမယ္လို႔ တာယာဆန္ကိုကဆုိပါတယ္။
--------------------------------------------

Yak-130 အမျိုးအစားအပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၆ စင်း ကို မြန်မာနိုင်ငံကို ရုရှားလွဲပြောင်းပေးခဲ့

EPN 

နိုင်ငံတကာ၊ မတ် ၂၆


ရုရှားဟာ Yak-130 အမျိုးအစားအပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၆ စင်း ကို မြန်မာနိုင်ငံဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ရုရှား လေကြောင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (UAC) ဒုတိယဥက္ကဌကပြောပါတယ်။

စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုအစိတ်အပိုင်းအဖြစ် Yak-130 အမျိုးအစားတိုက်လေယာဉ် လွဲပြောင်းရေးစာချုပ် အတိုင်း လုပ်ဆောင်နေတယ်လို့ (UAC) အဖွဲ့ ဒုတိယဥက္ကဌ တာယာဆန်ကိုကပြောပါတယ်။
 

ရုရှားနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာချုပ်ဆိုထားတဲ့ စာချုပ် အရ မြန်မာနိုင်ငံဆီ Yak-130 အမျိုးအစား တိုက်လေယာဉ် ၁၀ စင်း လွှဲပြောင်းပေးထားပြီဖြစ်ကြောင်း Sputnik သတင်းကဆိုပါတယ်။

လာအိုနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့မှာ အသုံးပြုနေတဲ့ တိုက်လေယာဉ် Yak-130 အမျိုးစားတိုက်လေယာဉ် ရောင်းချဖို့ ၂၀၁၆ ခုနှစ်က လက်မှတ်ရေးထိုးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ လန်ကာဝီဒေသမှာ နိုင်ငံတကာ ရေကြောင်းပြပွဲနဲ့ လေကြောင်းပြပွဲကို မတ်လ ၂၆ ရက်ကနေ ၃၀ ရက်အထိ ကျင်းပသွားမယ်လို့ တာယာဆန်ကိုကဆိုပါတယ်။

No comments:

Popular Posts