Search

Friday, September 20, 2019

၁၇ ႀကိမ္ေျမာက္ မိုင္းအႏၱရာယ္ အသိပညာေပး ညွိႏိႈင္း အစည္းအေဝးက်င္းပ



၁၇ ႀကိမ္ေျမာက္ မိုင္းအႏၱရာယ္ အသိပညာေပး ညွိႏိႈင္း အစည္းအေဝးက်င္းပ

EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၀

ကခ်င္ျပည္နယ္္ မိုင္းအႏၱရာယ္ အသိပညာေပးလုပ္ငန္းအဖြဲ႕၏ (၁၇) ႀကိမ္ေျမာက္ ပံုမွန္ညိွႏိႈင္းအစည္းအေဝးကို  ယေန႕၊ စက္တင္ဘာလ ၂၀ ရက္ေန႕  ျမစ္ႀကီးနားၿမိဳ႕ City Park Royal ခန္းတြင္ က်င္းပျပဳလုပ္ခဲ့သည္။

မိုင္းႏွင့္ စစ္က်န္လက္နက္ပစၥည္းမ်ား၏ အႏၱရာယ္က်ေရာက္မႈမ်ားေလ်ာ့ခ်ႏိုင္ရန္အတြက္ ကခ်င္ျပည္နယ္တြင္ ၂၀၁၄ ခုႏွစ္မွ စတင္ကာ  မိုင္းအႏၱရာယ္ အသိပညာေပး လုပ္ငန္းေတြကို သံုးလတစ္ႀကိမ္ လုပ္ေဆာင္ေန ေၾကာင္း Unicef အဖြဲ႕အစည္းမွ ကိုေက်ာ္ဝင္းဦးက အဆိုပါ အခမ္းအနားတြင္ ေျပာၾကားခဲ့သည္။

“မိုင္းနဲ႕စစ္က်န္လက္နက္ပစၥည္းေတြရဲ႕အႏၱရာယ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈ ေသဆံုးမႈေတြကို ေလ်ာ့ခ်ဖို႕ သံုးလတစ္ႀကိမ္ ပံုမွန္ညိွႏိႈင္းအစည္းေဝးလုပ္တယ္ ျပည္နယ္အဆင့္ မလုပ္ခင္မွာ အမ်ိဳးသားအဆင့္အေနနဲ႕ မိုင္းအႏၱရာယ္ အသိပညာေပးအဖြဲ႕ေပါ့ေနာ္ National Mine Risk Working group ကို ၂၀၁၂ မွာ စတင္ဖြဲ႔တယ္ ကခ်င္ျပည္နယ္မွာေတာ့ ၂၀၁၄ ခုနွစ္မွာ ျပည္နယ္အဆင့္ Mine Risk Working group ကိုစဖြဲ႕ၿပီးေတာ့ ခုထိကို  မိုင္းအႏၱရာယ္ အသိပညာေပးလုပ္ငန္းေတြ လုပ္ေဆာင္ေနတယ္” ဟု ကိုေက်ာ္၀င္းက ေျပာသည္။

မိုင္းဒဏ္ထိခိုက္ခံစားရသည့္ ျပည္သူေတြအတြက္ အစိုးရအဖြဲ႕စည္းမ်ား ၊ NGO ၊ INGO မ်ားမွ ေငြေၾကး ေထာက္ပံ့စရိတ္မ်ားအျပင္ ဘဝျပန္လည္ ထူေထာင္ေရးအတြက္ လိုအပ္သည္မ်ားကို ပံ့ပိုးကူညီလ်က္ရွိေၾကာင္း ၎မွ ဆက္ေျပာသည္။

“မိုင္းဒဏ္ထိခိုက္ခံရတဲ့ ျပည္သူေတြကို အစိုးရအဖြဲ႕အစည္းအေနနဲ႕က ေဘးစီမံဦးစီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာန နဲ႕ ျပန္လည္ထူေထာင္ေရး ဦးစီးဌာနတို႕ ပူးေပါင္းၿပီး ေထာက္ပံ့ေနတာရွိတယ္ က်န္တဲ့ INGO NGO ေတြကေတာ့    က်န္းမာေရးနဲ႕ ပတ္သတ္တဲ့ ေဆးဝါးကုန္က်စရိတ္ေတြ ေဆးရံုတက္ေနစဥ္ စားေသာက္စရိတ္ေတြ သူတို႕ အတြက္ျပန္လည္ ထူေထာင္ဖို႕လိုအပ္တာမ်ိဳး ဥပမာ ေျခတု လက္တုတို႕ လိုအပ္တဲ့ လူနာေတြဆိုရင္   ICRC ၊ MRCs တို႕ကေနၿပီး ေထာက္ပံ့ေပးတယ္ အသက္ရွင္က်န္ရစ္တဲ့သူေတြကို ေရရွည္မွာ သူတို႕ရဲ႕ စားဝတ္ ေနေရး အတြက္ေျဖရွင္းလို႕ရေအာင္ အေသးစား ေထာက္ပံ့ေပးမႈေတြလည္း လုပ္ေနပါတယ္” ဟုေျပာသည္။

ျမန္မာတစ္ႏိုင္ငံလံုး အတိုင္းအတာအားျဖင့္ မိုင္း ႏွင့္ စစ္က်န္လက္နက္ပစၥည္းမ်ား၏ အႏၱရာယ္ ရင္ဆိုင္ေနရသည့္ တိုင္းႏွင့္ ျပည္နယ္ (၉) ခုရွိၿပီး  ၂၀၁၉ ခုႏွစ္၏ ပထမ ၈ လတာကာလအတြင္း ရွမ္းျပည္နယ္ မွ (၄၄%)၊ ရခိုင္ျပည္နယ္မွ(၂၃%)၊ ကခ်င္ျပည္နယ္မွ(၂၁%) ႏွင့္ က်န္ ျပည္နယ္ႏွင့္တိုင္း (၆) ခုမွ (၁၂%) ေသာ ျပည္သူမ်ားသည္ မိုင္း ႏွင့္ စစ္က်န္လက္နက္ပစၥည္းမ်ား၏ အႏၱရာယ္မ်ားကို ရင္ဆိုင္ေနရေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္အေနျဖင့္  ၂၀၁၉ ခုႏွစ္၏ ပထမ ၈ လတာ အတြင္းတြင္ မိုင္းျဖစ္စဥ္ စုစုေပါင္း အႀကိမ္ (၂၀) ျဖစ္ပြားကာ ထိခိုက္ဒဏ္ရာရရွိသူ (၂၄) ဦးႏွင့္ အသက္ဆံုးရံႈးသူ (၆) ဦး ရွိၿပီး ဗန္းေမာ္ခရိုင္ မန္စီၿမိဳ႕နယ္ သည္ ျဖစ္စဥ္ အမ်ားဆံုးျဖစ္ပြားခဲ့့ေၾကာင္း သိရသည္။

သြယ္သြယ္
-------------------------------------------------------------


၁၇ ကြိမ်မြောက် မိုင်းအန္တရာယ် အသိပညာပေး ညှိနှိုင်း အစည်းအဝေးကျင်းပ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၀

ကချင်ပြည်နယ် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့၏ (၁၇) ကြိမ်မြောက် ပုံမှန်ညှိနှိုင်းအစည်းအဝေးကို  ယနေ့၊ စက်တင်ဘာလ ၂၀ ရက်နေ့  မြစ်ကြီးနားမြို့ City Park Royal ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ အန္တရာယ်ကျရောက်မှုများလျော့ချနိုင်ရန်အတွက် ကချင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ  မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းတွေကို သုံးလတစ်ကြိမ် လုပ်ဆောင်နေ ကြောင်း Unicef အဖွဲ့အစည်းမှ ကိုကျော်ဝင်းဦးက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“မိုင်းနဲ့စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုတွေကို လျော့ချဖို့ သုံးလတစ်ကြိမ် ပုံမှန်ညှိနှိုင်းအစည်းဝေးလုပ်တယ် ပြည်နယ်အဆင့် မလုပ်ခင်မှာ အမျိုးသားအဆင့်အနေနဲ့ မိုင်းအန္တရာယ် အသိပညာပေးအဖွဲ့ပေါ့နော် National Mine Risk Working group ကို ၂၀၁၂ မှာ စတင်ဖွဲ့တယ် ကချင်ပြည်နယ်မှာတော့ ၂၀၁၄ ခုနှစ်မှာ ပြည်နယ်အဆင့် Mine Risk Working group ကိုစဖွဲ့ပြီးတော့ ခုထိကို  မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်” ဟု ကိုကျော်ဝင်းက ပြောသည်။

မိုင်းဒဏ်ထိခိုက်ခံစားရသည့် ပြည်သူတွေအတွက် အစိုးရအဖွဲ့စည်းများ ၊ NGO ၊ INGO များမှ ငွေကြေး ထောက်ပံ့စရိတ်များအပြင် ဘဝပြန်လည် ထူထောင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီလျက်ရှိကြောင်း ၎င်းမှ ဆက်ပြောသည်။

“မိုင်းဒဏ်ထိခိုက်ခံရတဲ့ ပြည်သူတွေကို အစိုးရအဖွဲ့အစည်းအနေနဲ့က ဘေးစီမံဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နဲ့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ထောက်ပံ့နေတာရှိတယ် ကျန်တဲ့ INGO NGO တွေကတော့    ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဆေးဝါးကုန်ကျစရိတ်တွေ ဆေးရုံတက်နေစဉ် စားသောက်စရိတ်တွေ သူတို့ အတွက်ပြန်လည် ထူထောင်ဖို့လိုအပ်တာမျိုး ဥပမာ ခြေတု လက်တုတို့ လိုအပ်တဲ့ လူနာတွေဆိုရင်   ICRC ၊ MRCs တို့ကနေပြီး ထောက်ပံ့ပေးတယ် အသက်ရှင်ကျန်ရစ်တဲ့သူတွေကို ရေရှည်မှာ သူတို့ရဲ့ စားဝတ် နေရေး အတွက်ဖြေရှင်းလို့ရအောင် အသေးစား ထောက်ပံ့ပေးမှုတွေလည်း လုပ်နေပါတယ်” ဟုပြောသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် မိုင်း နှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ အန္တရာယ် ရင်ဆိုင်နေရသည့် တိုင်းနှင့် ပြည်နယ် (၉) ခုရှိပြီး  ၂၀၁၉ ခုနှစ်၏ ပထမ ၈ လတာကာလအတွင်း ရှမ်းပြည်နယ် မှ (၄၄%)၊ ရခိုင်ပြည်နယ်မှ(၂၃%)၊ ကချင်ပြည်နယ်မှ(၂၁%) နှင့် ကျန် ပြည်နယ်နှင့်တိုင်း (၆) ခုမှ (၁၂%) သော ပြည်သူများသည် မိုင်း နှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ အန္တရာယ်များကို ရင်ဆိုင်နေရကြောင်း သိရသည်။

ကချင်ပြည်နယ်အနေဖြင့်  ၂၀၁၉ ခုနှစ်၏ ပထမ ၈ လတာ အတွင်းတွင် မိုင်းဖြစ်စဉ် စုစုပေါင်း အကြိမ် (၂၀) ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိသူ (၂၄) ဦးနှင့် အသက်ဆုံးရှုံးသူ (၆) ဦး ရှိပြီး ဗန်းမော်ခရိုင် မန်စီမြို့နယ် သည် ဖြစ်စဉ် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

သွယ်သွယ်
 

No comments:

Popular Posts