Search

Saturday, September 21, 2019

ျမစ္ႀကီးနားၿမိဳ႕တြင္ စက္သံုးဆီ ေစ်းႏႈန္းမ်ား အနည္းငယ္ ျပန္လည္ ျမင့္တက္



ျမစ္ႀကီးနားၿမိဳ႕တြင္ စက္သံုးဆီ ေစ်းႏႈန္းမ်ား အနည္းငယ္ ျပန္လည္ ျမင့္တက္

EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၁

ျမစ္ႀကီးနား စက္သံုးဆီ ေစ်းကြက္အတြင္း စက္သံုးဆီ ေစ်းႏႈန္းမ်ားမွာ ၿပီးခဲ့သည့္ သီတင္းပတ္ကထက္ အနည္းငယ္ ျမင့္တက္လ်က္ရွိေၾကာင္း ျမစ္ႀကီးနားရွိ စက္သံုးဆီ အေရာင္းဆိုင္မ်ားထံမွ သိရသည္။


စက္သံုးဆီေစ်းကြက္အတြင္းရွိ ဓာတ္ဆီ၊ ဒီဇယ္ ေစ်းႏႈန္းမ်ားမွာ တစ္လီတာလွ်င္ ၄၀က်ပ္နီးပါး ျပန္လည္ ျမင့္တက္ခဲ့ျခင္းျဖစ္ၿပီး ယေန႕ စက္တင္ဘာလ ၂၁ ရက္ေန႔ တြင္ ဓာတ္ဆီ 92 တစ္လီတာလွ်င္ ၉၆၀ က်ပ္၊ 95 တစ္လီတာလွ်င္ ၁၀၆၅ က်ပ္၊ ရိုးရိုးဒီဇယ္ တစ္လီတာ ၁၀၄၅ က်ပ္၊ ပရီမီရမ္ဒီဇယ္ တစ္လီတာလွ်င္ ၁၀၆၅ က်ပ္ျဖင့္ ေရာင္းခ်လ်က္ရွိသည္။

“ဘာေၾကာင့္တက္တာလဲဆိုေတာ့ ကၽြန္ေတာ္တို႔ ပင္ရင္းဝယ္တဲ့ ကုမၸဏီက ေစ်းေတြတက္တဲ့အတြက္ေၾကာင့္ ျပန္ေရာင္းတဲ့ေနရာမွာ ၿပီးခဲ့တ့ဲ တစ္ပတ္ကထက္ တစ္လီတာကို ၃၀ က်ပ္ေလာက္ ျပန္ကြာသြားတာေပါ့” ဟု ဟိန္းေအာင္ စက္သံုးဆီ အေရာင္းဆိုင္မွ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၁၃ ရက္ေန႔ ျမစ္ႀကီးနားစက္သံုးဆီ ေစ်းကြက္အတြင္း ဓာတ္ဆီ 92 တစ္လီတာလွ်င္ ၉၂၅ က်ပ္၊ 95 တစ္လီတာလွ်င္၁၀၃၀ က်ပ္၊ ရိုးရိုးဒီဇယ္ တစ္လီတာ ၁၀၀၅ က်ပ္၊ ပရီမီရမ္ဒီဇယ္ ၁၀၂၅ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

“ေရနံစိမ္းေစ်း ဒီေဒၚလာေစ်းထက္ျမင့္တယ္ဆိုရင္ သီလဝါကလဲတက္မွာဗ် ကြ်န္ေတာ္တို႕သြားသြားယူေနတဲ့ သီလဝါဆိပ္ကမ္းက တက္ၿပီးဆိုရင္ေတာ့ ကြ်န္ေတာ္တို႔လဲ ဒီဘက္ မွာတက္ႏိုင္ေခ်ရွိတယ္”ဟု ၎က ေျပာဆိုသည္။
ရန္ကုန္ေစ်းကြက္တြင္ ေရာင္းခ်ေနေသာ စက္တင္ဘာလ ၂၀ ရက္ေန႔ စက္သံုးဆီေစ်းႏႈန္းမ်ားမွာ ဓာတ္ဆီ 92 တစ္လီတာလွ်င္ ၈၅၀ က်ပ္၊ 95 တစ္လီတာလွ်င္ ၉၅၀ က်ပ္၊ ရိုးရိုးဒီဇယ္ တစ္လီတာလွ်င္ ၉၅၀ က်ပ္ႏွင့္ ပရီမီရမ္ ဒီဇယ္ တစ္လီတာလွ်င္ ၉၆၀ က်ပ္ရွိေၾကာင္း ရန္ကုန္စက္သံုးဆီေစ်းကြက္အတြင္းမွ စံုစမ္း သိရွိရသည္။

စက္တင္ဘာ လ ၁၄ ရက္ေန႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံ၏ ေရနံခ်က္စက္ရံုႏွင့္ ေရနံလုပ္ကြက္မ်ားကို ေမာင္းသူမဲ့ ဒရုန္းယာဥ္မ်ားျဖင့္ တိုက္ခိုက္ခံရမႈျဖစ္ပြားျခင္းေၾကာင္း ကမၻာေရနံေစ်းတစ္စည္ေစ်းႏႈန္းသည္ ယခင္ထက္ အေမရိကန္ေဒၚလာ ၅၉ ေဒၚလာေက်ာ္အထိ ေစ်းတက္လာခဲ့ၿပီး ယင္းအေျခအေနမွာ ျပည္တြင္း စက္သံုးဆီ ေစ်းကြက္မ်ားအေပၚ ရိုက္ခတ္ခဲ့ျပီး ေစ်းအနည္းငယ္ ျမင့္တက္လာျခင္းျဖစ္နိုင္ေၾကာင္း ျမန္မာ့စီးပြားေရး အစဥ္တစိုက္ေလ့လာသူ ဦးေက်ာ္စိုးဦး (ရန္ကုန္) မွ သံုးသပ္ေျပာဆိုသည္။

သားသား
--------------------------------------------------------------------

မြစ်ကြီးနားမြို့တွင် စက်သုံးဆီ ဈေးနှုန်းများ အနည်းငယ် ပြန်လည် မြင့်တက်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၁

မြစ်ကြီးနား စက်သုံးဆီ ဈေးကွက်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ပြီးခဲ့သည့် သီတင်းပတ်ကထက် အနည်းငယ် မြင့်တက်လျက်ရှိကြောင်း မြစ်ကြီးနားရှိ စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

စက်သုံးဆီဈေးကွက်အတွင်းရှိ ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းများမှာ တစ်လီတာလျှင် ၄၀ကျပ်နီးပါး ပြန်လည် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ တွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၉၆၀ ကျပ်၊ 95 တစ်လီတာလျှင် ၁၀၆၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၁၀၄၅ ကျပ်၊ ပရီမီရမ်ဒီဇယ် တစ်လီတာလျှင် ၁၀၆၅ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

“ဘာကြောင့်တက်တာလဲဆိုတော့ ကျွန်တော်တို့ ပင်ရင်းဝယ်တဲ့ ကုမ္ပဏီက ဈေးတွေတက်တဲ့အတွက်ကြောင့် ပြန်ရောင်းတဲ့နေရာမှာ ပြီးခဲ့တဲ့ တစ်ပတ်ကထက် တစ်လီတာကို ၃၀ ကျပ်လောက် ပြန်ကွာသွားတာပေါ့” ဟု ဟိန်းအောင် စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ မြစ်ကြီးနားစက်သုံးဆီ ဈေးကွက်အတွင်း ဓာတ်ဆီ 92 တစ်လီတာလျှင် ၉၂၅ ကျပ်၊ 95 တစ်လီတာလျှင်၁၀၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၁၀၀၅ ကျပ်၊ ပရီမီရမ်ဒီဇယ် ၁၀၂၅ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

“ရေနံစိမ်းဈေး ဒီဒေါ်လာဈေးထက်မြင့်တယ်ဆိုရင် သီလဝါကလဲတက်မှာဗျ ကျွန်တော်တို့သွားသွားယူနေတဲ့ သီလဝါဆိပ်ကမ်းက တက်ပြီးဆိုရင်တော့ ကျွန်တော်တို့လဲ ဒီဘက် မှာတက်နိုင်ချေရှိတယ်”ဟု ၎င်းက ပြောဆိုသည်။
ရန်ကုန်ဈေးကွက်တွင် ရောင်းချနေသော စက်တင်ဘာလ ၂၀ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ 92 တစ်လီတာလျှင် ၈၅၀ ကျပ်၊ 95 တစ်လီတာလျှင် ၉၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၉၅၀ ကျပ်နှင့် ပရီမီရမ် ဒီဇယ် တစ်လီတာလျှင် ၉၆၀ ကျပ်ရှိကြောင်း ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

စက်တင်ဘာ လ ၁၄ ရက်နေ့ ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံချက်စက်ရုံနှင့် ရေနံလုပ်ကွက်များကို မောင်းသူမဲ့ ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်ခံရမှုဖြစ်ပွားခြင်းကြောင်း ကမ္ဘာရေနံဈေးတစ်စည်ဈေးနှုန်းသည် ယခင်ထက် အမေရိကန်ဒေါ်လာ ၅၉ ဒေါ်လာကျော်အထိ ဈေးတက်လာခဲ့ပြီး ယင်းအခြေအနေမှာ ပြည်တွင်း စက်သုံးဆီ ဈေးကွက်များအပေါ် ရိုက်ခတ်ခဲ့ပြီး ဈေးအနည်းငယ် မြင့်တက်လာခြင်းဖြစ်နိုင်ကြောင်း မြန်မာ့စီးပွားရေး အစဉ်တစိုက်လေ့လာသူ ဦးကျော်စိုးဦး (ရန်ကုန်) မှ သုံးသပ်ပြောဆိုသည်။

သားသား
 

No comments:

Popular Posts