ေျမျပင္ကြင္းဆင္းေဆာင္ရြက္ခ်က္ အားနည္းမႈေၾကာင့္
ေတာင္သူမ်ား၏ ေျမယာသိမ္းဆည္းခံရမႈမ်ား ပိုမို ျဖစ္ပြား
EPN
ျမစ္ႀကီးနား၊
စက္တင္ဘာ ၂၁
သက္ဆိုင္ရာဌာနမ်ားမွ ေျမျပင္ကြင္းဆင္းေဆာင္ရြက္မႈ အားနည္းသည့္အတြက္ ေတာင္သူမ်ား
လုပ္ကိုင္စား ေသာက္လ်က္ရွိသည့္ ေျမယာသိမ္းဆည္းခံရမႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြားေနေၾကာင္း
စက္တင္ဘာလ ၂၁ ေန႔တြင္ က်င္းပသည့္ ေျမယာဆိုင္ရာႏွီးေႏွာဖလွယ္ပြဲတြင္ ပေဒသာမိုး လူမႈအဖြဲ႕အစည္းမွ
ေျမယာႏွင့္ ဥပေဒ ေပါင္းစပ္ညိႇႏႈိင္းေရးမွဴး
ဦးေက်ာ္ေဇယ် က ေျပာဆိုသည္။
ကခ်င္ျပည္နယ္အတြင္းရွိ
ေျမယာသိမ္းဆည္းခံရမႈျဖစ္စဥ္အမ်ားစုမွာ ေတာင္သူလယ္သမားမ်ား လုပ္ကိုင္စားေသာက္ေနသည့္
ေျမယာသိမ္းဆည္းခံရမႈမွာ အမ်ားဆံုးျဖစ္ေၾကာင္း ၎က ရွင္းျပသည္။
“ေျမယာ လုပ္ပိုင္ခြင့္လာေလွ်ာက္ၿပီဆိုတာနဲ႕
အဲ့ဒီ ေျမဟာ တကယ္ေရာ ေျမလြတ္ ေျမလပ္ ေျမရိုင္း
ဟုတ္ရဲ႕လားဆိုတာ စီမံခန္႕ခြဲမႈ ေကာ္မတီတို႕ လုပ္ငန္းအဖြဲ႕တို႕က ကြင္းဆင္းေဆာင္ရြက္ရမွာ
အခုက ေျမျပင္ကြင္းဆင္းေဆာင္ရြက္မႈေတြ အားနည္းတဲ့အခါက်ေတာ့ ေျမပံုထဲကေနႀကည့္ၿပီးေတာ့
ဧက ၂၀၀၀ -၃၀၀၀ ေပးလိုက္တဲ့အခါက်ေတာ့ မႈလထဲက
လုပ္ကိုင္ေနတဲ့ ေတာင္သူေတြရဲ႕ေျမေတြ ပါသြားတ့ဲျဖစ္စဥ္ေတြ မ်ားတယ္” ဟု ၎က ေျပာသည္။
ယင္းအျပင္
ေဒသခံမ်ား၏ေျမယာသိမ္းဆည္းခံရမႈျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ညိႇႏႈိင္းေဆာင္ရြက္မႈမ်ားႏွင့္ ဥပေဒက်င့္သံုးေဆာင္ရြက္မႈမ်ား
အားနည္း လ်က္ရွိေၾကာင္း ၎မွ ဆက္ေျပာသည္။
“မႈလထဲက လုပ္ကိုင္စားေသာက္ေနတဲ့
ေတာင္သူေတြရွိတယ္ဆိုရင္ ဥပေဒအရ ေတာင္သူေတြေရာ
ႏွစ္ဦးႏွစ္ဖက္ နစ္နာမႈ မရွိေအာင္ညိႇႏိႈင္းေဆာင္ရြက္ေပးၿပီးမွ လုပ္ပိုင္ခြင့္ခ်ေပးတာတို႕
ဒါမွမဟုတ္ ၿငင္းပယ္တာတို႕လုပ္ရမွာ အခုက ေျမျမင္ကြင္းဆင္းေဆာင္ရြက္မႈအားနည္းတာအျပင္
ဥပေဒက်င့္သံုး ေဆာင္ရြက္မႈ အားနည္းတာေတြလည္းရွိတယ္” ဟု ဆက္လက္ေျပာဆိုခဲ့သည္။
ယခုကဲ့သို႕
ေျမယာသိမ္းဆည္းခံရမႈမ်ားေၾကာင့္ ေတာင္သူမ်ားအေနျဖင့္ မိသားစုစားဝတ္ေနေရး အခက္အခဲမ်ားနွင့္
ရင္ဆိုင္ရသည့္အတြက္ တာဝန္ရွိသူမ်ားအေနျဖင့္ ျမန္ျမန္ဆန္ဆန္ ႏွင့္ မွန္မွန္ကန္ကန္ ေဆာင္ရြက္ေပးေစလို
ေၾကာင္း ေျမယာသိမ္းဆည္းခံခဲ့ရသည့္ ေတာင္သူ ဦးဆီဆာရဲ႕ က ေျပာသည္။
“အဘိုးအဘြား
အေဖအေမ လက္ထက္ကတည္းကေနလက္ဆင့္ကမ္းလုပ္စားလာခဲ့တဲ့လယ္ေျမ အစိုးရက ထုတ္ေပးထားတဲ့ေျပစာေတြလည္းရွိတယ္ အစိုးရကိုလည္း
ႏွစ္စဥ္တစ္ဧကကိုေလးတင္းနဲဲ႕ အခြန္ေပးေဆာင္ ေနပါတယ္ အဲ့တာကို သီရိဘက္စံုစိုက္ပိ်ဳးေရးကုမၸဏီက
၂၀၀၆ ခုႏွစ္မွာ သိမ္းသြားခဲ့တယ္ လယ္ယာေျမသိမ္း ဆည္းခံခဲ့ရတဲ့အတြက္ ေန႕စားအလုပ္ေလးေတြလုပ္ၿပီး
စားဝတ္ေနေရးအတြက္ ရုန္းကန္ေနရတယ္ ရြားသား ေတြအားလံုး
စားဝတ္ေနေရးအဆင္ေျပေအာင္ တာဝန္ရွိပုဂၢိဳလ္ေတြ ျမန္ျမန္ဆန္ဆန္နဲ႔ မွန္မွန္ကန္ကန္ ေဆာင္ရြက္ေပးေစခ်င္တယ္”
ဟု ၎မွေျပာျပသည္။
ကခ်င္ျပည္နယ္အတြင္း
ေျမယာမႈခင္းမ်ားႏွင့္ ပတ္သက္၍ ၂၀၁၆ ခုႏွစ္မွ
၂၀၁၉ ခုႏွစ္အထိလႊတ္ေတာ္သို႔ တိုင္ၾကားသည့္ အမႈေပါင္း ၁၈၀ခန္႔ရွိၿပီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္
ေျဖရွင္းႏိုင္သည့္ အတိုင္းအတာ ကို လႊတ္ေတာ္ေရးရာအဖြဲ႔မ်ားမွေျဖရွင္းေပးလ်က္ရွိသလို
လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စီစစ္ေရးေကာ္မတီမ်ားမွလည္း စိစစ္ေဆာင္ရြက္လ်က္ရွိေၾကာင္း
ကခ်င္ျပည္နယ္ လႊတ္ေတာ္မွ သိရသည္။
သြယ္သြယ္
--------------------------------------------------------------------------------------------------
မြေပြင်ကွင်းဆင်းဆောင်ရွက်ချက် အားနည်းမှုကြောင့် တောင်သူများ၏ မြေယာသိမ်းဆည်းခံရမှုများ ပိုမို ဖြစ်ပွား
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၁
သက်ဆိုင်ရာဌာနများမှ မြေပြင်ကွင်းဆင်းဆောင်ရွက်မှု အားနည်းသည့်အတွက် တောင်သူများ လုပ်ကိုင်စား သောက်လျက်ရှိသည့် မြေယာသိမ်းဆည်းခံရမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေကြောင်း စက်တင်ဘာလ ၂၁ နေ့တွင် ကျင်းပသည့် မြေယာဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် ပဒေသာမိုး လူမှုအဖွဲ့အစည်းမှ မြေယာနှင့် ဥပဒေ ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးကျော်ဇေယျ က ပြောဆိုသည်။
ကချင်ပြည်နယ်အတွင်းရှိ မြေယာသိမ်းဆည်းခံရမှုဖြစ်စဉ်အများစုမှာ တောင်သူလယ်သမားများ လုပ်ကိုင်စားသောက်နေသည့် မြေယာသိမ်းဆည်းခံရမှုမှာ အများဆုံးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“မြေယာ လုပ်ပိုင်ခွင့်လာလျှောက်ပြီဆိုတာနဲ့ အဲ့ဒီ မြေဟာ တကယ်ရော မြေလွတ် မြေလပ် မြေရိုင်း ဟုတ်ရဲ့လားဆိုတာ စီမံခန့်ခွဲမှု ကော်မတီတို့ လုပ်ငန်းအဖွဲ့တို့က ကွင်းဆင်းဆောင်ရွက်ရမှာ အခုက မြေပြင်ကွင်းဆင်းဆောင်ရွက်မှုတွေ အားနည်းတဲ့အခါကျတော့ မြေပုံထဲကနေကြည့်ပြီးတော့ ဧက ၂၀၀၀ -၃၀၀၀ ပေးလိုက်တဲ့အခါကျတော့ မှုလထဲက လုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့မြေတွေ ပါသွားတဲ့ဖြစ်စဉ်တွေ များတယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ဒေသခံများ၏မြေယာသိမ်းဆည်းခံရမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ဥပဒေကျင့်သုံးဆောင်ရွက်မှုများ အားနည်း လျက်ရှိကြောင်း ၎င်းမှ ဆက်ပြောသည်။
“မှုလထဲက လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေရှိတယ်ဆိုရင် ဥပဒေအရ တောင်သူတွေရော နှစ်ဦးနှစ်ဖက် နစ်နာမှု မရှိအောင်ညှိနှိုင်းဆောင်ရွက်ပေးပြီးမှ လုပ်ပိုင်ခွင့်ချပေးတာတို့ ဒါမှမဟုတ် ငြင်းပယ်တာတို့လုပ်ရမှာ အခုက မြေမြင်ကွင်းဆင်းဆောင်ရွက်မှုအားနည်းတာအပြင် ဥပဒေကျင့်သုံး ဆောင်ရွက်မှု အားနည်းတာတွေလည်းရှိတယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။
ယခုကဲ့သို့ မြေယာသိမ်းဆည်းခံရမှုများကြောင့် တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အတွက် တာဝန်ရှိသူများအနေဖြင့် မြန်မြန်ဆန်ဆန် နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးစေလို ကြောင်း မြေယာသိမ်းဆည်းခံခဲ့ရသည့် တောင်သူ ဦးဆီဆာရဲ့ က ပြောသည်။
“အဘိုးအဘွား အဖေအမေ လက်ထက်ကတည်းကနေလက်ဆင့်ကမ်းလုပ်စားလာခဲ့တဲ့လယ်မြေ အစိုးရက ထုတ်ပေးထားတဲ့ပြေစာတွေလည်းရှိတယ် အစိုးရကိုလည်း နှစ်စဉ်တစ်ဧကကိုလေးတင်းနဲ့ အခွန်ပေးဆောင် နေပါတယ် အဲ့တာကို သီရိဘက်စုံစိုက်ပျိုးရေးကုမ္ပဏီက ၂၀၀၆ ခုနှစ်မှာ သိမ်းသွားခဲ့တယ် လယ်ယာမြေသိမ်း ဆည်းခံခဲ့ရတဲ့အတွက် နေ့စားအလုပ်လေးတွေလုပ်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ် ရွားသား တွေအားလုံး စားဝတ်နေရေးအဆင်ပြေအောင် တာဝန်ရှိပုဂ္ဂိုလ်တွေ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးစေချင်တယ်” ဟု ၎င်းမှပြောပြသည်။
ကချင်ပြည်နယ်အတွင်း မြေယာမှုခင်းများနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိလွှတ်တော်သို့ တိုင်ကြားသည့် အမှုပေါင်း ၁၈၀ခန့်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖြေရှင်းနိုင်သည့် အတိုင်းအတာ ကို လွှတ်တော်ရေးရာအဖွဲ့များမှဖြေရှင်းပေးလျက်ရှိသလို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီများမှလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ် လွှတ်တော်မှ သိရသည်။
သွယ်သွယ်
No comments:
Post a Comment