အဆိပ်သင့် မြန်မာပြည်
ဒီဇင်ဘာ ၂၃
မြန်မာ့လယ်ယာလုပ်ငန်းခွင်များတွင် ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ကြပ်မတ် မှုနည်းပါးသဖြင့် တောင်သူလယ်သမားများနှင့် ကလေးငယ်များ ကျန်းမာရေးအန္တရာယ် ကြီးကြီးမားမား ရှိနေသည်ကိုတွေ့ရကြောင်း Food to Right စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် Hilal Elver က ပြောခဲ့ဖူးသည်။ ထိုစကားကို ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂအစည်းအဝေးတစ်ခု တွင် ပြောခဲ့ခြင်းဖြစ်သော်လည်း ယနေ့အချိန်ထိ ခေတ်မီနေသေးသည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် ပိုးသတ်ဆေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း တင်းကြပ်မှုကို မည်သည့်ကဏ္ဍတွင်မှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးသောကြောင့် ဖြစ်သည်။