EPN
မြစ်ကြီးနား၊ ဧပြီ ၇
ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့နှင့်တစ်နိုင်တစ်ပိုင်အလှူရှင်များ
ပူးပေါင်းကာ ယနေ့ ဧပြီလ ၇ ရက်နေ့က နန်းကွေ့ကျေးရွာရှိ
နန်းကွေ့မိဘမဲ့ရိပ်မြုံဂေဟာနှင့် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ
မျှော်လင့်ခြင်းအသစ် မိသားစုဂေဟာတို့တွင် စားသောက်ဖွယ်များ
သွားရောက်လှူဒါန်းခဲ့ကြသည်။
ယခုလက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အမှန်တကယ် ခက်ခဲလိုအပ်နေကြသော မိသားစုများနှင့် မိဘမဲ့ဂေဟာများကို လှူဒါန်းပေးရခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က ခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အိမ်ထဲကအိမ်ပြင်လဲမထွက်ရဘူးလေ။ ဒါကြောင့် အမှန်တကယ်လိုအပ်နေတဲ့ မိသားစုတွေနဲ့ မိဘမဲ့ဂေဟာတွေကို လှူဒါန်းပေးနေတာပါ"ဟု ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့မှ တာဝန်ခံ ဆရာ ဦးမျိုးဇော်ဦးက ပြောသည်။
အဆိုပါလှူဒါန်းမှုတွင် ဆန်၊ ဆီ၊ ဆား၊ ကြာဇံ၊ ငါးခြောက်နှင့် အခြားစားသောက်ဖွယ်များကို လှူဒါန်းခဲ့ကြသည်။
ယခုလက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိဘမဲ့ဂေဟာများတွင် လာရောက်လှူဒါန်းပေးကြမည့် အလှူရှင်များလည်း မရှိသည့်အတွက် အခက်အခဲများစွာရှိနေကြောင်း မျှော်လင့်ခြင်းအသစ် မိသားစုဂေဟာ တာဝန်ခံ ဆရာဦးဇော်မိုင်က ပြောသည်။
"အခုလက်ရှိအချိန်မှာက ကိုရိုနာကြောင့် ဂေဟာတွေမှာ အလှူရှင်တွေလာတာလည်း မရှိဘူး အဲ့တော့အရမ်းအခက်အခဲဖြစ်နေတယ်။ ကျွန်တော်တို့လို ဂေဟာတွေမှာ တကယ်လိုအပ်နေတဲ့အချိန်မှာ ဒီပရဟိသအဖွဲ့နဲ့ အလှူရှင်တွေက လာလှူပေးတော့ အရမ်းဝမ်းသာရပါတယ်” ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့နှင့် တစ်နိုင်တစ်ပိုင်အလှူရှင်များ ပူးပေါင်းကာ မြစ်ကြီးနာမြို့ပေါ် ရပ်ကွက်များရှိ မရှိဆင်းရဲသားများ၊ မိဘမဲ့ဂေဟာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဧပြီလ ၁ ရက်နေ့မှစတင်ကာ သွားရောက် လှူဒါန်းပေးခဲ့ကြပြီး အမှန်တကယ်လိုအပ်နေသောနေရာများတွင်လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြူး

No comments:
Post a Comment