EPN
နိုင်ငံတကာ၊ ဧပြီ ၇
အိန္ဒိယနိုင်ငံက ဆိုဗီယက်ခေတ်တွင် တည်ဆောက်ခဲ့သော Project 877
ကီလိုအတန်းအစား ရေငုပ် သင်္ဘောတစ်စင်းကို မြန်မာရေတပ်သို့
လွှဲပြောင်းပေးရန် ပြင်ဆင်ခဲ့ကြောင်း စစ်ဘက်-သံတမန်သတင်းရပ်ကွက် တစ်ခုက
TASS သတင်းဌာနသို့ ပြောကြားသည်။
“အိန္ဒိယနိုင်ငံမှာ ရေငုပ်သင်္ဘောပြင်ဆင်မှုလုပ်တာ ဖေဖော်ဝါရီလအတွင်း အပြီးသတ်ခဲ့ပါတယ်။ မြန်မာ ရေတပ်ကို မလွှဲပြောင်းမီ တပ်ဖွဲ့၀င်တွေကို လေ့ကျင့်ပေးဖို့ အချိန်လိုပါတယ်” ဟု အဆိုပါသတင်းရပ်ကွက်က ပြောသည်။
မြန်မာ့တပ်မတော်၏ ပထမဆုံးရေငုပ်သင်္ဘော လွှဲပြောင်းပေးသည့် အကြောင်းရင်းမှာ ရှင်းလင်းခြင်းမရှိ ဘဲ မြန်မာနိုင်ငံက အဆိုပါရေငုပ်သင်္ဘောကို ၀ယ်ယူ သို့မဟုတ် ငှားရမ်းဆိုသည်မှာ မရှင်းလင်းဟု ထိုသတင်း ရပ်ကွက်က ပြောသည်။
ရုရှားလက်နက်တင်ပို့ရေးကုမ္ပဏီ Rosoboronexport က သဘောတူညီချက်အပေါ် မှတ်ချက်မပေးချေ။
“Sindhuvir” ဟု အမည်ပေးထားသည့် အဆိုပါရေငုပ်သင်္ဘောမှာ ၁၉၈၈ ခုနှစ်တွင် အိန္ဒိယရေတပ်သို့ ရောက်ရှိခဲ့သော်လည်း မကြာသေးမီက ရုရှားနိုင်ငံရှိ Severodvinsk တွင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။
ယခုရေငုပ်သင်္ဘော မြန်မာရေတပ်သို့ လွှဲပြောင်းပြီးလျင် အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံမှ ကီလိုအတန်းအ စား ရေငုပ်သင်္ဘော နောက်ထပ်ရှစ်စင်းရရှိမည်ဖြစ်သည်။
--ကိုးကား--TASS.Com
Ref; India to hand over Soviet-built Kilo-class submarine to Myanmar Navy, says source

No comments:
Post a Comment