EPN
နိုင်ငံတကာ၊ ဧပြီ ၅
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ချီဟွာဟွာပြည်နယ်တွင် ရာဇဝတ်ဂိုဏ်းများကြား
တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဦး
ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပစ်ခတ်မှုမှာ ချီဟွာဟွာပြည်နယ်၊ မာဒီရာမြူနီစီပယ်ဒေသ၊ ချူဟွီချူပါမြို့တွင် ဧပြီလ ၃ ရက်၊ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ် ရှေ့နေချုပ်ရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။
ဒေသခံရဲတပ်ဖွဲ့နှင့် သတင်းများကို တုံ့ပြန်ဖြေကြားခဲ့သည့် တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုဖြစ်ပွားရာနေရာ၌ သေဆုံးသူ ၁၈ ဦးနှင့် ဒဏ်ရာရရှိသူနှစ်ဦးကို တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူတစ်ဦးမှာ နောက်ပိုင်းတွင် ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။
“ပစ်ခတ်မှုဖြစ်ရာနေရာမှာ လက်နက်ကိုင်လူတွေကို ရှာဖွေနေပြီး ပြည်နယ်ရှေ့နေချုပ်ရုံးက ကျွမ်းကျင်သူ တွေ၊ စုံစမ်းစစ်ဆေးရေးမှူးတွေက အခင်းဖြစ်ရာနေရာမှာ အထောက်အထားတွေရှာနေကြပါတယ်” ဟု ထုတ်ပြန် ချက်က ဖော်ပြခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားရာ အသိုင်းအဝိုင်းမှာ မှောင်ခိုလမ်းကြောင်းများထိန်းချုပ်ရန် ပြိုင်ဘက် မူးယစ်မှောင်ခို များကြား ရန်စအဓိကဖြစ်ပွားရာ ဒေသတစ်ခုဖြစ်သည့် ဆိုနိုရာပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသော ချီဟွာဟွာ ပြည်နယ်ရှိ တောင်ကုန်းထူထပ်ရာဧရိယာတစ်ခုတွင် တည်ရှိသည်။
--ကိုးကား--ဆင်ဟွာ
Ref; At least 19 killed in shootout between rival gangs in Mexico

No comments:
Post a Comment