EPN
မိုးကောင်း၊ ဧပြီ ၁၀
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှ အသက် (၄၃)နှစ်အရွယ် စောင့်ကြည့်
လူနာအမျိုးသားတွင် COVID-19 ရောဂါပိုး မတွေ့ ကြောင်း
မိုးကောင်းပြည်သူ့ဆေးရုံအုပ်ကြီးထံမှ သိရသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ပြည်သူ့ဆေးရုံသို့ ဧပြီလ ၇ ရက်နေ့ ညနေ ၄နာရီခွဲအချိန်ခန့်က ရောက်ရှိခဲ့သည့် တရုတ်-မြန်မာနယ်စပ်တွင် ငှက်ပျောသီးများ ပို့ဆောင်သည့်ယာဉ်၌ ယာဉ်နောက်လိုက်လုပ်ငန်း လုပ်ကိုင်ပြီးပြန်လာသူ မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှ အသက်(၄၃)နှစ်အရွယ် အမျိုးသားတွင် ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် COVID-19 စောင့်ကြည့် လူနာအဖြစ်ထားရှိပြီး အဆိုပါ အမျိုးသား၏ နှာခေါင်းတို့ဖတ်ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးမတွေ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဧပြီ ၁၀ ရက်၊ နံနက် ၃နာရီ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း COVID 19 ရောဂါပိုးတွေ့လူနာမရှိကြောင်း သိရသည်။
ချိုမောင်

No comments:
Post a Comment