EPN
နိုင်ငံတကာ၊ မေ ၅
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တီထွင်ရာတွင် အမေရိကန်ဒေါ်လာ ၂၃၄ သန်း
ထည့်ဝင်ရန် ဂျပန်နိုင်ငံ က ကတိပြုခဲ့သည်။ ရန်ပုံငွေများကို
ကပ်ရောဂါပြင်ဆင်မှု ညွန့်ပေါင်းအဖွဲ့ (CEPI) သို့မဟုတ် အခြားအဖွဲ့များမှ
တစ်ဆင့် ထည့်ဝင်ရမည်ဖြစ်သည်။
ယမန်နေ့က ဥရောပသမဂ္ဂ ဉီးဆောင်သော ရန်ပုံငွေကောက်ခံမှု အခမ်းအနားတစ်ခု၌ ရုပ်သံမတ်ဆေ့တစ် ခုအတွင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ငွေကြေးထည့်ဝင်မည့် ကတိပြုခဲ့ခြင်းဖြစ်သည်။ အခြား ကမ္ဘာ့ခေါင်း ဆောင်များကလည်း ဒေါ်လာ ဘီလီယံချီ ရန်ပုံငွေထည့်ဝင်ရန် ကတိပြုခဲ့သည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၇၀ ကျော် စမ်းသပ်ထုတ်လုပ်သော်လည်း အနည်းငယ်က သာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်သည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်သည်။
ရန်ပုံငွေကောက်ခံမှုအခမ်းအနား ပထမနေ့တွင် ဂျပန်၊ ကနေဒါနှင့် ဆော်ဒီအာရေးဘီးယားနိုင်ငံ အပါအ ဝင် ကမ္ဘာ့နိုင်ငံနှင့် ပိုင်နက်နယ်မြေ ၃၀ ကျော်က စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ထည့်ဝင်ရန် က တိပြုခဲ့ကြသည်။
ဥရောပကော်မရှင်ဥက္ကဌ အူဆူလာဗွန်ဒါလီယန်းက ပံ့ပိုးကူညီမှုအတွက် အလှူရှင်နိုင်ငံများကို ကျေးဇူး တင်ရှိခဲ့သည်။ ရန်ပုံငွေထည့်ဝင်မှုက ခံနိုင်ရည်ရှိသော ကြိုးပမ်းမှုတစ်ရပ် လိုအပ်သည့် ကမ္ဘာ့နိုင်ငံများ၏ ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး အစသာရှိသေးကြောင်း သူက သတိပေးခဲ့သည်။
--ကိုးကား--
အင်န်အိတ်ချ်ကေ
Ref; EU raises $ 8 billion for coronavirus vaccine

No comments:
Post a Comment