EPN
မြစ်ကြီးနား၊ မေ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်တွင်း
လမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်းအတွက် SPIC/ACHC က ငွေကျပ်သိန်း (၂၀၀)ကျော်
ထောက်ပံ့ခဲ့ကြောင်း သိရသည်။
စီတာပူရပ်ကွက်တွင်းလမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်း စတင်ဆောင်ရွက်နိုင်ရန် အတွက် SPIC/ACHC က အလှူသိန်း (၁၀၀) ကို ယနေ့ မေ ၁၆ ရက်နေ့၊ နံနက်ပိုင်းက လမ်းအဆင့်မြင့်တင်ခြင်း ဖြစ်မြောက်ရေး ကော်မတီထံသို့ လွဲပြောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
"အခု ထောက်ပံ့ပေးအပ်တာကတော့ ဒုတိယအကြိမ် ပေးအပ်တာ ဖြစ်ပါတယ် ပြီးခဲ့နှစ်က ပထမအကြိမ်အဖြစ် ငွေကျပ်သိန်း ၁၃၀ ထောက်ပံ့လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်" ဟု SPIC ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
စီတာပူရပ်ကွက်တွင်းလမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းစတင်နိုင်ရန် ဆောက်လုပ်ရေးသုံးပစ္စည်းများ ဝယ်ယူရန်အတွက် SPIC/ ACHC ကုမ္ပဏီမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် (၁၆)ရက်နေ့တွင် ကျပ်သိန်း (၁၃၀) လှူဒါန်းခဲ့ပြီး ယနေ့ ငွေကျပ်သိန်း (၁၀၀) ထပ်မံ လှူဒါန်းခဲ့ရာ စုစုပေါင်း ငွေကျပ်သိန်း (၂၃၀ ) ဖြစ်ကြောင်း သိရသည်။
SPIC/ACHC ကုမ္ပဏီအနေဖြင့် မြစ်ကြီးနားမြို့တွင် ကုမ္ပဏီရုံးခွဲ ဖွင့်လှစ်ခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း ဒေသခံပြည်သူများအတွက် လူမှုဘဝ၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် တတ်နိုင်သည့်ဘက်မှ ပါဝန်ကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
လွမ်းအောင်

No comments:
Post a Comment