EPN
နိုင်ငံတကာ၊ ဇွန် ၂၂
ဥဇဘတ်ကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော
ကမ္ဘာလှည့်ခရီးသွားများကို လျော်ကြေး အမေရိကန်ဒေါ်လာ ၃၀၀၀ ပေးမည်ဟု သမ္မတ
ရှာဗ်ကတ်မီဇီယိုယက်ဗ် လက်မှတ်ရေးထိုးထားသည့် စာချုပ်စာ တမ်းအရ သိရသည်။
Safe Travel Guaranteed ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော ကမ္ဘာလှည့်ခရီးသွားများအတွက် လျော်ကြေးငွေပေးမည့် အစီအစဉ်က ခရီးသွားများအတွက် အန္တရာယ်ကင်းသော ခရီးစဉ်တစ်ခုဖြစ်လာရေး ရည် ရွယ်သည်။
အန္တရာယ်ကင်းသော ခရီးသွားလုပ်ငန်းရန်ပုံငွေ တည်ထောင်မည်ဖြစ်ပြီး အကျပ်အတည်းဖြေရှင်းရေး ရန် ပုံငွေမှ ဒေါ်လာ ၂ သန်း ခွဲဝေသတ်မှတ်မည်ဖြစ်သည်။
ဥဇဘတ်နစ္စတန်နိုင်ငံက ခရီးသွားရန် ဘေးအန္တရာယ်ကင်းသည်ဟု ပြည်တွင်း၊ ပြည်ပခရီးသွားများက ယုံ ကြည်မှုရှိသင့်ကြောင်း အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဥက္ကဌ ရာဗ်ရှန်အိုင်ဇာမော့ဗ်က ပြောသည်။
“ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ၊ ဟိုတယ်တွေနဲ့ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့သူတွေကို လိုအပ် ချက်ပြည့်မီကြောင်း ထောက်ခံပေးတဲ့ အသိအမှတ်ပြုကတ်တွေ ထုတ်ပေးပါမယ်။ သူတို့ကို အသိအမှတ်ပြုကတ် တွေက ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အလုပ်လုပ်ကိုင်ခွင့်ပြုလိမ့်မယ်” ဟု ၄င်းက ပြောသည်။
ကမ္ဘာလှည့်ခရီးသွားများ ရောဂါကူးစက်ခံရပါက လျော်ကြေးငွေပေးချေသည့် အလေ့အကျင့်ကို ကမ္ဘာ့နိုင် ငံအများအပြားတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။
ဥဇဘတ်နစ္စတန်နိုင်ငံတွင် ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၆၃၁၅ ဦးနှင့် သေဆုံးသူ ၁၉ ဦး ရှိကြောင်း သိရသည်။
--ကိုးကား--
အကီပရက်စ်
Ref; Uzbekistan to pay $3,000 to tourists if they get infected with COVID-19

No comments:
Post a Comment