Search

Thursday, June 4, 2020

မြိတ်မြို့၌ ဘောပွဲကြည့်နေစဉ် မိုးကြိုးပစ်ခံရသဖြင့် လူငါးဦးသေ၊ ခုနှစ်ဦး ဒါဏ်ရာရ

မြိတ်မြို့၌ ဘောပွဲကြည့်နေစဉ် မိုးကြိုးပစ်ခံရသဖြင့် လူငါးဦးသေ၊ ခုနှစ်ဦး ဒါဏ်ရာရ



EPN
ရန်ကုန်၊ ဇွန် ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်လေတပ်စခန်း၌ မိုးကြိုးပစ်ခံရသဖြင့်အသက်ငါးနှစ်အရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးလေးဦးယမန်နေ့က သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

မြိတ်လေတပ်စခန်း ဧရိယာအတွင်း၌ ယမာန်နေ့ညနေပိုင်းတွင် ဘောလုံးပွဲကျင်းပရာ ကြည့်ရှုနေသူများထဲမှ ငါးဦးမှာမိုးကြိုးထိမှန်သေဆုံးခဲ့ပြီး ခုနှစ်ဦးခန့် မိုးကြိုးစက်ကွင်းမလွတ်သဖြင့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။


သေဆုံးသူငါးဦးမှာ အသက် ၃၀ နှစ်ဝန်းကျင်အမျိုးသမီးလေးဦးနှင့် အသက်ငါးနှစ်အရွယ် မိန်းကလေး တစ်ဦးဖြစ်ပြီး စစ်သည်မိသားစုဝင်များ ဖြစ်ကြကြောင်း မြိတ်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောသည်။

"ကြားရသလောက်တော့ ဘောလုံးကန်တာကိုကြည့်နေတုန်းဖြစ်တယ်လို့သိရပါတယ်၊အခုကိစ္စကို ကူညီဖို့အတွက်လည်း စာရင်းတွေ တောင်းထားပါတယ်" ဟု၎င်းကပြောသည်။

လက်ရှိ မိုးကြိုးစက်ကွင်းမိသဖြင့်ထိခိုက်ဒဏ်ရာရသူများကို ခုတင် ၁၀၀ ဆန့်၊အမှတ် ၅ တပ်မတော်စစ်ဆေးရုံ၌ ကုသပေးနေကြောင်းသိရသည်။

သွေးသစ်

No comments:

Popular Posts