Search

Monday, July 6, 2020

အထက်တန်းကျောင်းများတွင် ကျောင်းအပ်နှံသည့်နေ့ လူစုလူဝေး မဖြစ်အောင်စီစဥ်ထား

အထက်တန်းကျောင်းများတွင် ကျောင်းအပ်နှံသည့်နေ့ လူစုလူဝေး မဖြစ်အောင်စီစဥ်ထား



EPN
မြစ်ကြီးနား၊ ဇူလိုင် ၆

ကချင်တစ်ပြည်နယ်လုံးတွင် အခြေခံပညာအထက်တန်းကျောင်းများ ကျောင်းအပ်နှံသည့်အခါ လူစုလူဝေးမဖြစ် စေရန်စနစ်တကျစီစဥ်ဆောင်ရွက်ထားကြောင်း ကချင်ပြည် နယ် ပညာရေးမှူးရုံးမှ သိရသည်။

အခြေခံပညာအထက်တန်းများဖြစ်သည့် နဝမတန်းနှင့် ဒသမတန်းကို ကိုဗစ်ထိန်းချုပ်ကန့်သတ်ချက် ဘောင်အတွင်း ဖွင့်လှစ်သွားရန်အတွက် ဇူလှိုင်လ (၁၃)ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံး ကျောင်းအပ်လက်ခံတော့မည်ဖြစ်ပြီး ဤသို့ကျောင်းအပ်လက်ခံရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက်စနစ်တကျ ဆောင်ရွက်ထားကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက် ညွန်ကြားရေးမှူး (စီမံ) ဦးကျော်လွင်က ဆိုသည်။


''ကျောင်းအပ်တဲ့ အခါမှာ ကျန်တဲ့အချက်အလက်တွေကတော့ ပုံမှန်အတိုင်းပဲဆောင်ရွက်သွားမယ် သို့သော် လူတွေမစုဖို့နဲ့ လူတွေ ဝိုင်းအုံမနေဖို့ တော့ ကိုဗစ်-၁၉ ညွန်ကြားချက်အတိုင်း အဲ့ဒါတွေကိုတော့ Social Distances အတိုင်း လက်ခံသွားဖို့စနစ်တကျဆောင်ရွက်ထားပါတယ်။ တချို့ကျောင်းတွေမှာတော့ ပြီးစီးနေပြီ လက်ဆေးကန်တွေထားထားတယ်။ မျဥ်းကြောင်းတွေ စီးတားထားတယ်။ ဗီနိုင်းတွေ ချိတ်ထားပြီးပြီ''ဟု ဦးကျော်လွင်က ပြောသည်။

နဝမတန်းနှင့် ဒသမတန်းများအတွက် အမည်စာရင်းကို ဇူလိုင် (၁၃)ရက်နေ့မှ (၁၇)ရက်နေ့ အထိ လက်ခံသွားမည်ဖြစ်ပြီး ဇူလိုင် (၂၁)ရက်နေ့မှ စတင်ကာ အသုတ်ခွဲ၍ သင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်လွင်က ထည့်သွင်း ပြောဆိုခဲ့သည်။

''ကျောင်းသားတွေ အားလုံး တက်နိုင်အောင် အသုတ်လိုက်ခဲွပြီး ဖွင့်မယ် အဆင့်သုံးဆင့်ခွဲထားတယ်။ ခါတိုင်းလို ပုံမှန်ချိန်၊ တစ်ပတ်ခြား ဖွင့်တာတို့ တစ်ပတ်ခြားမှာကို မနက် တစ်သုတ်ညတစ်သုတ် ဆိုပြီး အဆင့်သုံးဆင့်ခွဲ ဖွင့်မယ်''ဟု ၎င်းက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် အထက်တန်းအဆင့် နဝမတန်းနှင့် ဒသမတန်းကို ပထမသုတ်အဖြစ် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အလယ်တန်းနှင့် မူလတန်းအဆင့်ကိုမှု ကိုဗစ်- ၁၉ အ​ခြေအနေပေါ် မူတည်၍ သြဂုတ်လအတွင်း ဖွင့်လှစ်သွားရန် လျာထားကြောင်း သိရသည်။

လွမ်းအောင်

No comments:

Popular Posts