EPN
ဗန်းမော်၊ ဇူလိုင် ၅
ဗန်းမော်မြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၀ခုနှစ် မိုးရာသီ
သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၄ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့
အစိုးရနည်းပညာ အထက်တန်း ကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက ဗန်းမော်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းဝင်းအတွင်း ရေကန်ဘေး၌ မဟော်ဂနီ(၅၀)ပင်၊ ခရေ(၅၀)ပင် ၊ ကံ့ကော် (၅၀)ပင် ၊ ကျွန်း (၅၀)ပင် ၊ ငုရွှေဝါ (၃၀)ပင် ၊ သင်ဝင် (၃၀)ပင် ၊ ပင်လယ်ကဗွီး (၃၀)ပင် ၊ ပျဉ်းကတိုး (၅၃)ပင် ၊ မန်ဂျန်ရှား (၃၀)ပင် ၊ စုစုပေါင်း သစ်ပင်ပျိုးပင် (၃၇၃)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးမင်းနိုင် နှင့်သစ်တောဝန်ထမ်းများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကြည်ဇော်ထွန်းနှင့် ဆရာ၊ဆရာမများ၊ ကိုချစ်ဦးဆောင်သော စနေကွက်လပ်ဖြည့် ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်သုမိန်

No comments:
Post a Comment