EPN
နိုင်ငံတကာ၊ ဇူလိုင် ၆
အမေရိကန်အနောက်မြောက်ပိုင်း အိုဒါဟိုပြည်နယ်ရှိ Coeur d’ Alene ကန်ပေါ်၌
ယမန်နေ့က လေယာဉ် ငယ်နှစ်စင်းတိုက်မိကာ နစ်မြှုပ်မှုကြောင့် လူရှစ်ဦး
သေဆုံးခဲ့ကြောင်း ကိုတီနိုင်းကောင်တီ အုပ်ချုပ်ရေးအရာရှိ ရိုင် ယန်ဟစ်ဂျင်က
ပြောကြားခဲ့သည်။
ဇူလိုင်လ ၅ ရက် နေ့လယ်၂ နာရီ မိနစ် ၂၀ ခန့်တွင် Coeur d’ Alene ကန်အထက်၌ လေယာဉ်ငယ်နှစ် စင်း ခေါင်းချင်းဆိုင်တိုက်မိခဲ့ကြောင်း ၄င်းက ဆိုသည်။
သေဆုံးသူနှစ်ဦးကို လေယာဉ်များ ကန်အတွင်းမနစ်မြှုပ်မီ ဆယ်ယူနိုင်ခဲ့ပြီး ကျန်ရှိသော ခြောက်ဦး၏ အခြေအနေများကို မသိရသေးကြောင်း၊ သေဆုံးပြီဟုယူဆရကြောင်း သူက ပြောသည်။
လေယာဉ်များ တိုက်မိရသောအကြောင်းရင်းနှင့် လေယာဉ်ငယ်တစ်စင်းစီတွင် လူမည်မျှ လိုက်ပါလာခဲ့ သည်ဆိုသည်ကို စုံစမ်းစစ်ဆေးသူများက မဆုံးဖြတ်ရသေးကြောင်း ၄င်းက ဆိုသည်။
လေယာဉ်များကို ကန်ရေပြင်အောက် ၁၂၇ ပေတွင် ရှာဖွေရေးအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သော်လည်း ယနေ့ သို့မဟုတ် မနက်ဖြန်အထိ ဆယ်ယူနိုင်မည်မဟုတ်ဟု ရိုင်ယန်က ပြောသည်။
မတော်တဆမှုတွင် ပါဝင်ခဲ့သည့်လေယာဉ်ငယ်တစ်စင်းမှာ ဆစ္စနာ ၂၀၆ အမျိုးအစားဖြစ်ကြောင်း ဖက်ဒ ရယ်လေကြောင်းပို့ဆောင်ရေး စီမံခန့်ခွဲမှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ အိုင်ယန်ဂရီဂေါ်က ပြောသည်။
ဖက်ဒရယ် လေကြောင်းပို့ဆောင်ရေး စီမံခန့်ခွဲမှုဌာနနှင့် သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့တို့က ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ဂရီဂေါ်က ဆိုသည်။
လူအများအပြားက အားလပ်ရက်အတွင်း ကန်ရေပြင်ပေါ်၌ လှေစီးနင်းလျက်ရှိရာ လေယာဉ်ငယ်နှစ်စင်း တိုက်မိသောဖြစ်စဉ်ကို မြင်တွေ့ခဲ့ သို့မဟုတ် ကြားသိခဲ့သည့် မျက်မြင်အများအပြားရှိကြောင်း ရိုင်ယန်က ပြော သည်။
--ကိုးကား--
စီအင်န်အင်န်
Ref; Eight people are believed to be dead after two planes collided over Idaho's Coeur d'Alene Lake

No comments:
Post a Comment