Search

Monday, June 8, 2020

ရွှေကူမြို့နယ်အတွင်း ကျပ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရွှေကူမြို့နယ်အတွင်း ကျပ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



EPN
ဗန်းမော်၊ ဇွန် ၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ယမန်နေ့ ဇွန် ၇ ရက် ညပိုင်း ကျပ်သိန်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် အတူ အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရွှေကူမြို့မရဲစခန်းက သိရသည်။


မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် သတင်းအရ ရွှေကူ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သောင်းထွဋ်အောင် နှင့် အဖွဲ့သည် သက်သေများနှင့်အတူ ဇွန် ၇ ရက် ည ၇ နာရီခန့်က ရွှေကူမြို့နယ် ဗန်းမော်-မန္တလေး ဗျူဟာလမ်းမကြီး ကချင်ပြည်နယ်မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး စောင့်ဆိုင်းနေစဉ် အမျိုးသား သုံး ဦးစီးနင်းလာသည့် ODYSSEY အဖြူရောင် မော်တော်ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှာ ဆာလာအိတ်များဖြင့် ထည့်ထားသော WY စာတန်းပါ စိတ်ကြွးသွပ် ဆေးပြား ၈၅၅၀၀ပြား၊ ၈၅၅၀ ဂရမ် နှင့် 88/1စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀၀ပြား ၅၇၀၀ဂရမ်၊ စုစုပေါင်းပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂,၅၀၀ ပြား (၁၄၂၅၀ ) ဂရမ်၊ (တန် ဘိုးငွေ ကျပ်သိန်း ၂၈၅,၀)၊ Love is flower စာတန်းပါ ရောင်စုံဆပ်ပြာခွက် (၈၁၄)ခွက် အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန်(၈၁၄၀)ဂရမ် (တန်ဘိုးေငွကျပ် သိန်း၈၁၄,၀)၊ စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁၀၉၉၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာတွင် နေထိုင်ကြသည့် စိုးအောင်၊ (၄၂) နှစ်၊ (ဘ) ဦးမောင်၊ မြင့်သူထွန်း (ခ) မြင့်သူ၊ (၃၈)နှစ်၊ (ဘ) ဦးအောင်နှင့် မောင်ဇော်(၃၇)နှစ်၊ (ဘ)ဦးဇော်မင်းထွန်း တို့ကို ရွှေကူမြို့မရဲစခန်းက မယ (ပ) ၃၇/၂၀၂၀ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်

No comments:

Popular Posts