Search

Wednesday, June 5, 2019

သြစတြေးလျနိုင်ငံတွင် ပစ်ခတ်မှုဖြစ်ပွား၍ လူ ၄ ဦးသေဆုံး

သြစတြေးလျနိုင်ငံတွင် ပစ်ခတ်မှုဖြစ်ပွား၍ လူ ၄ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၅

သြစတြေးလျနိုင်ငံမြောက်ပိုင်း ဒါဝင်မြို့မှာ ဇွန်လ ၄ ရက်နေ့က သေနတ်သမားတစ်ယောက်ရဲ့  ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။
သေနတ်သမားဟာ နေရာ ၅ နေရာမှာ ပစ်ခတ်ခဲ့တာလို့သိရပါတယ်။ အသက် ၄၅ နှစ်အရွယ် တရားခံ လို့ ယူဆရသူကို ပထမတစ်ကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်နာရီအကြာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါ တယ်။

ပထမအကြိမ်ပစ်ခတ်မှုဟာ ဒေသစံတော်ချိန် ည ၆ နာရီမှာဖြစ်ပွားခဲ့တာပါ။ တရားခံဟာ အခု လိုပစ်ခတ်မှုကို တစ်ယောက်ထဲလုပ်ဆောင်ခဲ့တာလို့ ရဲဌာနက ယူဆထားပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့ တဲ့နေရာတွေထဲမှာ မိုတယ်တစ်ခုနဲ့ ဘားတစ်ခုတို့လည်းပါဝင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ ၁၉၉၆ ခုနှစ်က သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်ခဲ့ပြီးနောက် အခုလို လူအများအပြားကို ပစ်ခတ်မှုမျိုး မရှိသလောက်နည်းပါးခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သေနတ်သမားဟာ ဟိုတယ်တစ်လုံးထဲ ၀င်ရောက်ခဲ့ပြီး တွေ့သမျှအခန်းတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ အဲဒီပစ်ခတ်မှုမှာ လူတစ် ယောက် ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် သေနတ်သမားဟာ မိုတယ်တစ်လုံးကို သေနတ်အတိုနဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တယ်လို့ နောက်ထပ်မျက်မြင်တစ်ဦးက ပြောပါတယ်။ သက်ဆိုင်ရာ ပစ်ခတ်မှုဖြစ်ရပ် စုံစမ်းစစ်ဆေးလျက်ရှိနေ တယ်လို့ သတင်းရရှိပါတယ်။

Ref; BBC


No comments:

Popular Posts