Search

Monday, June 8, 2020

စစ်တကောင်းတောင်တန်းရေးရာဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

စစ်တကောင်းတောင်တန်းရေးရာဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ 



EPN
နိုင်ငံတကာ၊ ဇွန် ၈

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခံထားရတဲ့ စစ်တကောင်းတောင်တန်းရေးရာ၀န်ကြီး ဘီဗဟားဒူး ဦးရွှေသိန်းကို ပိုထိရောက်တဲ့ဆေးဝါးကုသမှုတွေပေးနိုင်ဖို့ ဒါကာမြို့ဆီပို့ဆောင်ပေးခဲ့ပါတယ်။

သူဟာ ဘင်္ဂလားဒေ့ရ်ှအစိုးရအဖွဲ့ထဲမှာ ပထမဆုံး COVID-19 ကူးစက်ခံရကြောင်း အတည်ပြုခံရသူပါ။

ဘင်္ဂလားဒေ့ရ်ှစစ်တပ်ရဲ့ပြည်တွင်းလူထုဆက်ဆံရေးဌာနက တနင်္ဂနွေနေ့မှာသတင်းထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရ်ှလေတပ်အထူးလေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းက သူ့မှာအသက်ရှူလမ်းကြောင်းပြဿနာရှိနေတယ်လို့ ဘန်ဒါဘန်အရပ်ဘက်ခွဲစိတ်ဆရာ၀န် ဒေါက်တာအောင်ဆွေဖြူမာမကပြောပါတယ်။

အသက် ၆၀ ရှိနေတဲ့သူ့မှာ ဆီးချိုရောဂါလည်းရှိနေပါတယ်။ ၂၀၁၉ ခုနှစ်၊ ဘင်္ဂလားဒေ့ရ်ှရွေးကောက်ပွဲမှာ အဝါမီ လိဂ်ပါတီအနိုင်ရခဲ့ပြီးနောက် ၀န်ကြီးချုပ်ရှိတ်ဟာဆီနာက သူ့ကို အစိုးရ၀န်ကြီးအဖြစ်ခန့်အပ်ခဲ့တာပါ။

သူဟာ ၁၉၉၁ ခုနှစ်မှာ အမတ်အဖြစ် ပထမဆုံးရွေးကောက်ခံခဲ့ရပြီး ၁၉၉၇ ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ စစ် တကောင်းတောင်တန်းဒေသငြိမ်းချမ်းရေးစာချုပ်ဆိုင်ရာဆွေးနွေးမှုကော်မတီမှာလည်း အဖွဲ့၀င်ဖြစ်ခဲ့ပါတယ်။

Ref : COVID-19: Minister Bir Bahadur Ushwe Sing flown to Dhaka

No comments:

Popular Posts