Search

Friday, June 19, 2020

အိုင်ဗရီကို့စ်နိုင်ငံတွင် မြေပြိုမှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံး

အိုင်ဗရီကို့စ်နိုင်ငံတွင် မြေပြိုမှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံး


EPN
နိုင်ငံတကာ၊ ဇွန် ၁၉

အိုင်ဗရီကိုစ့်နိုင်ငံ၏ အကြီးမားဆုံးမြို့တော် အဘီဂျန်မြို့ဆင်ခြေဖုံးဒေသ၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မြေပြိုမှုဖြစ်ပွားရာ ၁၃ ဉီးမနည်း သေဆုံးခဲ့ပြီး အိမ် ၂၀ ခန့် ရေစီးနှင့်မျှောပါခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။


အမ်ရာမာဆင်ခြေဖုံးဒေသတွင် အဆိုပါဖြစ်ရပ်ကြောင့် ပျောက်ဆုံးနေသူများကို ရှာဖွေနေပြီး ရက်ပေါင်းများစွာ မိုး သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အဘီဂျန်ဒေသတွင် နောက်ရက်ပိုင်းအထိ ရေကြီးမှုအန္တရာယ် ရှိနေနိုင်သေး ကြောင်း မိုးလေဝသပညာရှင်များက သတိပေးခဲ့သည်။

ဇွန်လ ၁၄ ရက်က အဘီဂျန်မြို့တော်အရှေ့ဘက်ရှိ အဘတ်တာကျေးရွာတွင် သုံးထပ်အဆောက်အအုံတစ်လုံး ပြို ကျခဲ့ပြီး အဘိုဘိုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။

အိုင်ဗရီကိုစ့်နိုင်ငံတွင် ဇွန်လ မိုးရာသီရောက်လျှင် သဘာဘေးအန္တရာယ်များကြောင့် လူအသေအပျောက်ရှိလေ့ရှိ ပြီး ရေမြောင်းစနစ်များ ကောင်းမွန်မှုမရှိခြင်း၊ အိမ်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ တည်ဆောက်ထား ခြင်း မရှိခြင်းတို့ကြောင့် အဆိုပါဖြစ်ရပ်များ ဖြစ်လေ့ရှိသည်။

လွန်ခဲ့သည့်နှစ်နှစ်ကလည်း လေပြင်းတိုက်ခတ်မှုများကြောင့် အဘီဂျန်ဒေသမှ လူ ၁၈ဉီး အပါအဝင် လူ ၂၀ ဦး သေ ဆုံးခဲ့သည်။

--ကိုးကား--
အေဘီစီနယူးစ်
Ref; 13 dead after landslide in Ivory Coast washes away homes

No comments:

Popular Posts