EPN
ဖားကန့်၊ ဇွန် ၂၁
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ ရတနာစန်းရွင်
ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်အနီးရှိ စွန့်ပစ်မြေစာပုံ ဟောင်းတွင်
ယမန်နေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ခြေချော်ပြုတ်ကျ ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားမှာ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းအောင်ကျေးရွာ နေ အသက် ၃၅ နှစ်အရွယ် ဦးသန်းလှိုင်ဆိုသူ ဖြစ်ပြီး ၎င်းသည် ဇွန်လ ၁၉ ရက်နေ့၊ နေ့လယ် ၂နာရီခွဲ အချိန်ခန့်တွင် အဆိုပါ နေရာ၌ ရေမဆေးကျောက် ရှာဖွေနေစဉ် အမြင့်ပေ (၃၀၀)ခန့်ရှိ စွန့်ပစ်မြေစာပုံပေါ်မှ ခြေချော်ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ခြေချော်ပြုတ်ကျခဲ့သည့်အတွက် ဦးသန်းလှိုင်ဆိုသူတွင် ယာဘက်ချိုစောင်း ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ယာဘက်ဦးခေါင်း နောက်စေ့ (၄)လက်မခန့် ပေါက်ပြဲ သွေးထွက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ဦးသန်းလှိုင်အား တာဝန်ရှိသူများက နမ့်မှော်ကျေးရွာ မြတ်ပါရမီ လူမှုကူညီရေးအသင်း မော်တော်ယာဉ် အကူအညီ ဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ယင်းနေ့ ညနေပိုင်းတွင် ပို့ဆောင်ပေးခဲ့ပြီး အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူခဲ့ပြီး လက်ရှိတွင် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသမှုခံယူနေကြောင်း သိရသည်။
နောနော်

No comments:
Post a Comment