EPN
ပူတာအို၊ ဇွန် ၂၄
ကျေးရွာလူထုများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်နှင့်
စွမ်းဆောင်ရည်မြှင့်မားလာစေရန် အတွက် မြစိမ်းရောင် အရင်းမပျောက်
လည်ပတ်ရန်ပုံငွေပြန်လည်ထုတ်ချေးပေးခြင်းကို ဇွန်(၂၃)ရက် မွန်းလွဲ(၁) နာရီက
ပူတာအိုမြို့နယ်ဇီးအွန်ကျေးရွာ အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့သည်။
ထိုသို့ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ အသင်းဝင်(၆၀)ဦးအတွက်ကျပ် (၁၆၃) သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ် ကိုင်သူ အသင်းဝင်(၃၈)ဦးအတွက်ကျပ်(၉၈)သိန်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူအသင်းဝင် (၅၃)ဦးအတွက် ကျပ်(၁၆၃)သိန်း ထုတ်ချေးငွေ စုစုပေါင်း(၄၂၄)သိန်းကို အတိုးနှုန်း တစ်ကျပ် နှုန်းဖြင့် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ၎င်းချေးငွေအရင်းဆပ်ကာလမှာ တစ်နှစ်အတွင်း အတိုး အရင်းများကို ပြန် လည်ပေးဆပ်ရမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ဝန်ထမ်းများ၏ကွင်းဆင်းကြီးကြပ်မှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များ၊ ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းမြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ကျပ်သိန်းပေါင်း(၃၀၀)ဖြင့် မတည်ပေးထားခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းသည် ပဉ္ဓမအကြိမ်မြောက် ပြန်လည်ထုတ် ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)

No comments:
Post a Comment